Pages

ကမာရွတ်မြို့နယ်အတွင်း တစ်ညတည်းကားအစီး ၄၀ ကျော်ကားတာယာများ ထိုးဖောက်ခံရမှု

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ်(၈)နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့်၏ ကားဘီးတာယာများကို ချွန်ထက်သည့် အရာဖြင့် ထိုးဖောက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 15, 2014

(၀)ကြွင်း မဟာဘုတ် ဖွား များ၏ ယေဘူယျဝိသေသ လက္ခဏာများ

(၀)ကြွင်း မဟာဘုတ်ဖွားများအကြောင်း အလှည့်ကျလာပါပြီ။ ကိုယ် ကိုယ်တိုင်က (၀)ကြွင်းသမား ဖြစ်နေတော့ “ဆန်ရင်း နာနာဖွပ်” ဆိုတဲ့ စကားလို ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတော့မယ့် အလှည့် ရောက်ပြီ ပေါ့။ (၀)ကြွင်းသမားတွေဟာ အကြမ်းဖျဉ်းပြောရရင် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အားနည်းပျော့ညံ့ ကြသူတွေ များပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် မှုဘက်မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်နုတယ်။ စိတ်ထိခိုက် လွယ်တယ်။ ၀မ်းနည်းလွယ်တယ်။ မျက်ရည် ကျလွယ်တယ်။ ကိုယ့်ကို မကောင်းပြောခံရရင် တနုံ့နုံ့ တွေးပြီး စိတ်ဆင်းရဲ နေတတ်တယ်။ လောကဓံ တရားကို သိပ်ခံနိုင်ရည် မရှိတတ်ကြဘူး။ စိတ်ဆတ်ပြီး ကိုယ့်ကိုယ်ထိပါး ပုတ်ခတ်လာရင် ချက်ခြင်း တုန့်ပြန်တတ်ကြသူများ ဖြစ်ကြတယ်။ တစ်ချို့ (၀)ကြွင်းဖွား တွေဟာ ဒေါသသိပ်ကြီးတတ်ကြပြီး အမှားတွေ လုပ်မိကာ နောက်မှ နောင်တ ရတတ် ကြတာမျိုး တွေ ဖြစ်တတ်ပါတယ်။
(၀)ကြွင်းတွေဟာ များသောအားဖြင့် စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ်မှာ သနားကြင်နာ လွယ်သူတွေ ဖြစ်ကြပေမယ့် စိတ်နုတာ၊ မခံချင်စိတ် ကြီးမားလွယ်တာ၊ အထင်လွဲလွယ်တာ၊ သဘောထားမကြီးတာ တွေဟာ အားနည်းချက်တွေ ဖြစ်နေတတ်တယ်။
.
(၀)ကြွင်း သမားတွေဟာ ဆတ်ဆတ်ထိ မခံ သမားတွေ များပါတယ်။ ဒါပေမယ့် သူတို့ဟာ သူများအပေါ် မနာလို ၀န်တိုစိတ်တို့၊ ပြိုင်ချင်ဆိုင်ချင်တဲ့ စိတ်တို့တော့ နည်းတတ်တယ်။ ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်း နေလိုတယ်။ အပေါင်းအသင်း နည်းမယ်။ တစ်ခါ တစ်လေ ရည်မှန်းချက် အလွန်ကြီးပေမယ့် တစ်ခါတစ်လေ ထမင်းမငတ်ရင် ပြီးတာဘဲ စိတ်မျိုး ထားနိုင်ကြတယ်။ သူတစ်ပါး စိတ်ပါ လက်ပါ ကူညီ ကြလိုသူများ ဖြစ်တယ်။ ကိုယ့်ထက် နိမ့်ကျသူတွေ အပေါ်မှာ ကြင်နာစိတ် ကြီးမားတတ်တယ်။ ပေးကမ်း စွန့်ကြဲလွယ်တတ်တယ်။ ဒါပေမယ့် လောကွတ်တော့ သိပ်မလုပ်တတ်ဘူး။ မဖားတတ်ဘူး။ မျက်နှာလို မျက်နှာရ မလုပ်တတ်ကြဘူး။ သူများဆီက ကျေးဇူးခံပြီးရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမှ ကျေနပ်ကြ သူများ ဖြစ်တယ်။
(၀)ကြွင်းတွေထဲမှာ အေးအေးချမ်းချမ်းနေချင်စိတ် များလွန်းတဲ့ သူများကြတော့ တစ်ချို့ဆို ပျင်းတဲ့ဘက်ကိုပါ ရောက်သွား တတ်တယ်။ (၀)ကြွင်းတွေဟာ အလုပ်လုပ်ရာမှာ များသောအားဖြင့် “အထနှေး” တတ်ကြတယ်။ အပျင်းထူတတ်ကြတယ်။ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လုပ်တတ်ကြတယ်။ ဒါပေမယ့် လုပ်ပြီဟေ့ ဆိုရင် လည်း မီးကုန်ယမ်းကုန် မအိပ်မစား လုပ်နိုင်ကြတယ်။ (၀)ကြွင်းသမားတွေဟာ ဉာဏ်ပညာ သိပ်မထက်မြက်ကြပေမယ့် စူးစူးစိုက်စိုက် လုပ်နိုင်တဲ့ ဇွဲသတ္တိတော့ ကောင်းကြတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျပြန်တော့လည်း (၀)ကြွင်းသမားတွေဟာ ချုခြာပျော့ညံ့ ကြပါတယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုတာမျိုး လိုပါဘဲ။ အားနည်းတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိတတ်ကြတယ်။ အာရုံကြောအားနည်းတာ၊ သွေးအားနည်းတာ၊ အစာအိမ်အားနည်းတာ၊ နှလုံး အားနည်းတာ တွေဟာ (၀)ကြွင်းသမားတွေမှာ အဖြစ်များကြပါတယ်။ အပင်ပန်းဒဏ်ကို မခံနိုင်ကြဘူး။
(၀)ကြွင်းသမား အတော်များများဟာ အစားအသောက် ဇီဇာကြောင်ကြပါတယ်။ အစားကောင်း အသောက်ကောင်းကို ခုံမင်တတ်ကြပါတယ်။ အစား အသောက်မှ မဟုတ်ဘူး။ နေရာတော်တော်များများမှာ ဇီဇာကြောင်တတ်ကြပါတယ်။ ကိုယ့်အဖေ အမေ အဖိုးအဖွားတွေထဲမှာ (၀)ကြွင်းများပါလာရင် ပြုစုရတာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဟိုဟာ အလိုမကျ ဒီဟာ အလိုမကျ ဖြစ်တတ်ပါတယ်။ (၀)ကြွင်းသမားတွေဟာ အ၀တ်အစား ဆိုရင်လည်း ဟိုအရောင်မကြိုက်၊ ဒီပုံစံ မကြိုက် နဲ့ အလွန်ဂျီးများပါတယ်။
(၀)ကြွင်း သမားတွေဟာ အချစ်ရေး ကိစ္စတွေမှာ နူးညံ့သိမ်မွေ့ကြသူများ ဖြစ်ကြပါတယ်။ သူတို့ဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်မျိုး ရှိတတ်ကြတယ်။ ငယ်စဉ်ကာလမှာ အလွန် “စန်း” ပွင့်တတ်ကြတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်သူများဖြစ်ပြီး အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု နည်းတတ်ကြတယ်။ များသောအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ အရှက်အကြောက်ကြီးတယ်။ အိနြေ္ဒသိက္ခာ ထိန်းနိုင်ကြတယ်။
(၀)ကြွင်းတွေထဲမှာ ကြာသပတေး(ရာဇ) နဲ့ အင်္ဂါ (မရဏ)တို့ကလွဲရင် အချစ်ရေး အိမ်ထောင်ရေး ကိစ္စ ရှုတ်ထွေးမှု သိပ်မရှိတတ်ကြဘူး။ အင်္ဂါ နဲ့ ကြာသပတေး တွေကတော့ အရှုတ်များတတ်တယ်။ ကျန်တဲ့ နေ့ဖွားများကျတော့ များသော အားဖြင့် အိမ်ထောင်ရေး အဆင်ပြေကြပါတယ်။ အိမ်ထောင်ကွဲမှု နည်းတယ်။ ဒါပေမယ့် (၀)ကြွင်းဖွား အင်္ဂါသမီး (မရဏ)ဖွား များကြတော့ အိမ်ထောင်ရေးကံ တော်တော် ဆိုးတတ်ကြပါတယ်။ တစ်ခုလပ်၊ မုဆိုးဖို၊ မလွတ်လပ်သူများနဲ့ တွေ့ကြုံတတ်ပြီး အိမ်ထောင်ရေးမှာ အမြဲစိတ်ဆင်းရဲတတ်ကြတာများပါတယ်။ လင်ဆိုးများတတ် ရတတ်တာကို သတိထား ရပါမယ်။ (၀)ကြွင်းတွေထဲမှာ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးတွေဟာ အိမ်ထောင်ရေး ညံ့တတ်ပါတယ်။ ယေဘူယျ ပြောရရင်တော့ (၀)ကြွင်းဖွားတွေမှာ  ယောင်္ကျားလေး တော်တော်များများကတော့ အိမ်ထောင်ရေး ကံ ကောင်းကြ ပါတယ်။ ကိုယ့်အပေါ် အရမ်းချစ်တဲ့ မိန်းမမျိုးတွေနဲ့ အိမ်ထောင် ကျတတ်တယ်။ မိန်းကလေး (၀)ကြွင်းဖွားကျတော့ အိမ်ထောင်ရေး နဲနဲ ညံ့တတ်ပါတယ်။
(၀)ကြွင်းသမားများဟာ များသောအားဖြင့် ဘ၀ကံ ကောင်းကြပါတယ်။ သိပ်ကြီးမားတဲ့ လောကဓံမျိုးတွေ တွေ့ရခဲပါတယ်။ သိပ်မချမ်းသာတောင်မှ လက်ထဲမှာ ငွေမပြတ်တတ်ကြပါဘူး။ ငွေကြေး ကံကောင်းကြတာ များတယ်။ အခက်အခဲ ဒုက္ခ တွေ့ရင်လည်း သိပ်အကြာကြီး မခံရဘဲ လွတ်မြောက် သွားကြပါတယ်။ ဆင်းရဲ ဒုက္ခကို ရေရှည်ခံစား နေရတာမျိုး တွေ့ရခဲပါတယ်။ လောကဓံ အလွန်များပါတယ်ဆိုတဲ့ (4)ဂဏန်းသမားများတောင် (၀)ကြွင်းဖြစ်နေရင် အခြား (4)သမားတွေ ထက် သက်သာပါတယ်။ အခက်အခဲကြုံရင် ကိုယ့်ကို ကူညီမယ့်သူ အမြဲရှိတတ်ပါတယ်။
(၀)ကြွင်းတွေမှာ သူများကို အောက်မကြို့ချင်တဲ့ မာနမျိုး ရှိတတ်တာမို့ သူတစ်ပါး လက်အောက်ခံလုပ်ငန်း၊ လခစား လုပ်ငန်းများနဲ့ ရေရှည် မသင့် တော်ပါဘူး။ ကိုယ်ပိုင် လုပ်ငန်းများနဲ့သာ သင့်တော်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လည်း အောင်မြင်လွယ် တတ်ကြပါတယ်။ ဒါပေမယ့် (၀)ကြွင်း သမားများဟာ လုပ်ငန်းတစ်ခု စလုပ်တဲ့နေရာမှာတော့ အခက်အခဲ ပြဿနာမျိုးစုံနဲ့ ကြုံပြီးမှသာ အောင်မြင်ကြတာများပါတယ်။
(၀)ကြွင်းသမားတွေဟာ ဆွေမျိုးသားခြင်း၊ ညီအစ်ကို မောင်နှမ အလွန်အကျိုးမပေးပါဘူး။ ကိုယ့်ဘက်ကရော၊ ကိုယ့် ယောင်္ကျား/မိန်းမ ဘက်ကရော နှိပ်စက်ကြသူတွေ များပါတယ်။ သူတို့ကို ဘယ်လောက် ကောင်းအောင်လုပ်ပေးပေမယ့်၊ ကူညီပေမယ့် ကွယ်ရာမှာ မကောင်းပြောပြီး ကျေးဇူး မသိတတ်ကြတဲ့ ဆွေမျိုးတွေက များပါတယ်။ ဆွေမျိုးအကျိုး မပေးပေမယ့် မိတ်ဆွေတော့ အလွန်အကျိုးပေးပါတယ်။ (၀)ကြွင်းသမားတွေမှာ မိတ်ကောင်း ဆွေကောင်း တွေနဲ့ တွေ့ကြုံ ရမယ့် ကံဇာတာ ပါပါတယ်။ ကိုယ် ဒုက္ခရောက်ရင် ကူညီမယ့် မိတ်ဆွေကောင်းတွေ ရှိတတ်ပါတယ်။ လူချစ်လူခင် များတတ် ကြပါတယ်။
(၀)ကြွင်း သမားတွေ ဘ၀မှာ အထူးဂရုစိုက်ရမှာက “ကျန်းမာရေး” ပါ။ မကောင်းတဲ့ ဂြိုဟ် သက္ခတ်တွေထဲ ရောက်ပြီ ဆိုရင် တစ်ခြား အကြွင်းသမား တွေက စီးပွားရေး ပြဿနာဖြစ်၊ အိမ်ထောင်ရေး ပြဿနာဖြစ်၊ အမှုအခင်း ဖြစ်ကြပေမယ့် (၀)ကြွင်းဖွားများကတော့ ကျန်းမာရေးကိစ္စဘဲ ဖြစ်ကြတာ များပါတယ်။ အထူးသဖြင့် “အင်္ဂါသက္ခတ် နဲ့ စနေသက္ခတ်” မှာ ကျန်းမာရေး အထူးသတိထားကြရပါမယ်။ ဘ၀မှာ ခွဲစိတ်ကုသခံရခြင်း၊ သွေးထွက် သံယိုဖြစ်ခြင်းများ ဖြစ်လွယ်ပါတယ်။ Accident များလည်း အလွန်ဖြစ်လွယ်ပါတယ်။ (၀)ကြွင်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါ တွေ၊ အစာအိမ်ရောဂါ၊ အူရောင်ရောဂါ၊ နှလုံးတုန်ရင်ခုန်ခြင်း (နှလုံးရောဂါ အစစ်မဟုတ်)၊ စိတ်ချောက် ခြားတဲ့ရောဂါ၊ ည အိပ်မပျော်တဲ့ရောဂါ၊ ခေါင်းကိုက် ဇက်ကြောတက်ရောဂါ၊ စိတ္တဇ ရောဂါ၊ အမျိုးသမီးများမှာ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အဖြစ်များကြပါတယ်။
(၀)ကြွင်း သမားများအနေနဲ့ ဘ၀မှာ အောင်မြင်တိုးတက်လိုရင် စိတ်သဘောထားကြီးဖို့၊ သည်းခံစိတ်မွေးဖို့၊ သူတစ်ဖက် သားကို အထင်လွဲ မလွယ်ဖို့၊ အရာရာမှာ ဇီဇာမကြောင်ဖို့၊ မပျင်းရိ ဖို့ လိုပါတယ်။ စိတ်နုတာ၊ စိတ်ဆတ်တာတွေကြောင့် ဘ၀မှာ အောင်မြင်သင့်သလောက် မအောင်မြင်တဲ့ (၀)ကြွင်းတွေ တော်တော်များပါတယ်။ တစ်ချို့ (၀)ကြွင်းဖွားတွေ ကျပြန်တော့လည်း ပျင်းရိပြီး အပင်ပန်းမခံနိုင်ကြလို့ တိုးတက်သင့်သလောက် မတိုးတက်ကြပါဘူး။ (၀)ကြွင်းမှာ ကိုယ့်ဟာကိုယ် သီးသီးသန့်သန့် နေချင်တာကြောင့်ရယ်၊ လောကွတ်မလုပ်တတ်တာရယ် တို့ကြောင့် တစ်ချို့လူတွေ အမြင်မှာ “ဘ၀င်မြင့်၊ မာနကြီးသူတွေ” လို့ မကြာခဏ အထင်ခံရတတ်တာကို သတိပြုပါ။ တစ်ကယ်တော့ (၀)ကြွင်း သမားတွေဟာ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘဲ သူတို့ နေတတ်သလို နေကြလို့ ဒီလို အထင်ခံရတာ ဖြစ်ပေမယ့် ဒီကိစ္စဟာ ဘ၀အောင်မြင်ရေးကို ထိခိုက်နိုင်လို့ နဲနဲတော့ သတိထားသင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် (၀)ကြွင်းသမားတွေဟာ အကြွင်းအားလုံးထဲမှာ လောကဓံ အနည်းဆုံးဖြစ်ပြီး ဘ၀ကို သက်တောင့် သက်သာ နေထိုင်ဖို့ အခွင့်အလမ်း များသူတွေ ဖြစ်ပြီး ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်သူတွေ ဖြစ်ကြောင်းပါခင်ဗျား။
ကမ္ဘာကျော်တဲ့ (၀)ကြွင်းသမားတွေရဲ့ စာရင်းကတော့- ရှိတ်မူဂျီဘူရာမန် (ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်း)၊ ရစ်ချတ်နစ်ဆင် (အမေရိကန် သမ္မတဟောင်း)၊ ဖရန်စစ်ဖာဒီနန် (ပထမ ကမ္ဘာစစ်မီး တောက်လောင်စေခဲ့တဲ့ လုပ်ကြံခံ အိမ်ရှေ့မင်းသား)၊ ဟောလီဝုဒ် မင်းသားကြီး ဟင်နရီဖောင်ဒါ၊ ဂျာမန် သိပ္ပံပညာရှင် ဟိန်းနရစ် ဟာ့ဇ်၊ စာရေးဆရာကြီး အိုက်ဇက် အက်ဆီမော့ဗ်၊ အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံနိုင်ငံသား ယူရီဂါဂါရင် ၊ လူထူးဆန်း သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူးApple ပန်းသီးကွန်ပျူတာကုမ္ပဏီတည်ထောင်သူ စတီဗင် ပေါလ်ဂျော့၊ ပလူတိုဂြိုဟ်ကို တွေ့ရှိခဲ့သူ နက္ခတ်ပညာရှင် ကလိုက် တွမ်ဘော့ ၊ Discovery Channel သရုပ်ဆောင် မိကျောင်းမုဆိုး စတိဗ် အာဝင်၊ ဟောလီဝုဒ် သရုပ်ဆောင် ကီဗင် ကော့စ်နာ၊ ကယ်လ်ဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့ အက်ရှင်မင်းသားကြီး အာနိုးလ် ၊ နာမည်ကျော်ကြားချိန်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ရတဲ့ ဟောင်ကောင် ကွန်ဖူး မင်းသားကျော် ဘရုစ်လီ ၊ ဟောလီဝုဒ် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ၊ ပြိုင်ကားမောင်း ချန်ပီယံ မိုက်ကယ် ရှုးမေကာ၊ အမေရိကန် လူမည်း အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ် ၊ ဂေါ့ဖ် ချန်ပီယံ အကျော်အမော် တိုက်ဂါးဝုဒ် ၊ အခုလက်ရှိ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဘားရက်အိုဘားမား ၊ ဘောလုံး စတားတွေ ဖြစ်ကြတဲ့ ပီတာဆက်ခ်ျ၊ မိုက်ကယ် အက်ဆီယန် ၊ ဟာနန် ခရက်စပို၊ ဟာသသရုပ်ဆောင် ဂျင်မ်ကာရေး၊ အက်ရှင် မင်းသမီး အင်ဂျလီနာဂျိုးလီ၊ ဟောလီဝုဒ် သရုပ်ဆောင် ဒစ်ဇယ်ဝါရှင်တန်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၊ လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ Accident နဲ့ ကွယ်လွန်သွားတဲ့ လေဒီဒိုင်ယာနာ၊ တစ်ခေတ်က အလွန်ကျော်ကြားခဲ့တဲ့ ဟောလီဝုဒ် မင်းသမီး မာရီလင် မွန်ရိုး ၊ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး အာဝင်ရွန်းမဲလ် ၊ ဂျူး (၆)သန်းကျော်ကို သတ်ဖြတ်ခဲ့သူ အဒေါ့ဖ် အိုက်ခမန်း၊ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ကုလသမ္မဂ္ဂ အတွင်းရေးမှူးချုပ် ဒက် ဟမ္မားရှိုး ၊ ကမ္ဘာကျော် ဘီတဲလ် တေးဂီတ အဖွဲ့ကို တည်ထောင်သူ လေးဦးထဲမှာ တစ်ဦးဖြစ်တဲ့ ဂျွန်လီနွန်၊ စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်၊ မော်တော်ကားတာယာတွေကို တီထွင်ခဲ့သူ ချားလ် ဂွတ်ရီးယား၊ အမေရိကန် သမ္မတဟောင်း ၀ုဒရိုး ၀ီလ်ဆင်၊ စာရေးဆရာကြီး ဂျော့ဘားနတ်ရှော ၊ ပန်းပုပညာရှင် ပီကာဆို၊ ဗြိတိသျှ အယ်လီဇဘက် ဘုရင်မကြီး၊ ကျူးဘားသမ္မတ ဖီဒယ် ကတ်စထရို ၊ လုပ်ကြံခံရတဲ့ ဆွီဒင် ၀န်ကြီးချုပ် အိုလော့ပန်း ၊ ကမ္ဘာကျော် ဘရာဇီး ဘောလုံးသမားကြီး ပီလီ၊ အမေရိကန် သမ္မတဟောင်း ဟယ်ရီ အက်စ် ထရူမင်း ၊ စာရေးဆရာကြီး မက်ခ်တွိန်း ၊ ကြက်ခြေနီ အသင်းကို စတင်တည်ထောင်သူ ဟင်နရီ ဒူးနန့်၊ ရုရှား စာရေးဆရာကြီး လီယို တော်လ်စတွိုင်း၊ ကမ္ဘာကျော် သဘောင်္သူဌေးကြီး အိုနာစစ် တို့ဘဲ ဖြစ်ကြပါတယ်ဗျာ။
ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်။
Credit -ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက် မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။
(၁)ကနေ (၅) အထိ အကြွင်းဖွားတွေအကြောင်း ရေးပြီးတဲ့အခါ (၆)ကြွင်းဖွား အကြောင်းကို ဆက်တိုက်ရေးရမှာ ဖြစ်ပေမယ့် ရေးရမှာ လက်တွန့်နေလို့ ဒီလောက်တောင် အချိန်တွေကြာသွား ရခြင်းဖြစ်ပါတယ်။ အခုနှစ် မြန်မာ သက္ကရာဇ် (၁၃၇၁)ခုနှစ်ဟာ (၆)ကြွင်းနှစ်ဖြစ်ပါတယ်။ ဒါကြောင့်  ဒီနှစ်မှာ မွေးဖွားတဲ့ ကလေးတွေရဲ့ မိဘတွေသာ (၆)ကြွင်း အကြောင်းကို ဖတ်မိရင် စိတ်ပူပန် ကြောင့်ကြ သွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ရေးမယ်ရေးမယ်နဲ့ အချိန်ဆွဲလာတာ အခု ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် ရေးလိုက်ရပါပြီ။
(၆)ကြွင်း အကြောင်းကို ကျွန်တော်ဘာကြောင့်မရေးချင်ရတာလဲ? ရေးဖို့ လက်တွန့်နေရတာလဲ? အကြောင်းရှိပါတယ်။ အကြောင်းကတော့ (၆)ကြွင်းဟာ အကြွင်း (၇)ခုထဲမှာ ဘဝလောကဓံလှိုင်း အများဆုံးရိုတ်ခတ်ခံရတဲ့ အကြွင်းဖြစ်နေလို့ပါဘဲ။
(၆)ကြွင်းတွေဟာ မွေးလာပြီဆိုကတည်းက ဘဝလောကဓံနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ တစ်ချို့ဆိုရင် ကိုယ်ဝန်ရှိစဉ် အခါကတည်းက မိခင်၊ ဖခင်ဖြစ်သူများမှာ အိမ်ထောင်ရေး၊ စီးပွားရေး တွေ အဆင်မပြေကြပါဘူး။ သူတို့ မွေးဖွားလာတဲ့အချိန် (သို့မဟုတ်) မွေးဖွားပြီး မကြာချိန်မှာဘဲ မိဘတွေမှာ လောကဓံလှိုင်းနဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။ စီးပွားကျ၊ ရာထူးကျမယ်၊ အိမ်ထောင်ကွဲမယ်။ ကိုယ်ကိုယ်တိုင် ကျန်းမာရေး ထိခိုက်ကြမယ်။ အရွယ် ရောက်လာရင် ရန်သူများမယ်။ အတိုက်အခံများမယ်။ လုပ်ကြံချောက်တွန်းမယ့်သူများမယ်။ ဒါတွေဟာ (၆)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။
.
မွေးဖွားပြီး (၁၀) နှစ်အတွင်းမှာ မိခင်ဖခင်မစုံတော့ဘဲ သေကွဲရှင်ကွဲဖြစ်ရတဲ့ ကလေးတွေအများစုဟာ (၆)ကြွင်းဖွားတွေ ဖြစ်ပါတယ်။ ဒုတိယ လိုက်တာက (၃)ကြွင်းဖွားပါ။ ဒါကြောင့် ကျွန်တော်ဟာ နီးစပ်သူ မိတ်ဆွေများကို (၆)ကြွင်း နှစ်နဲ့ (၃)ကြွင်းနှစ်တွေမှာ ကလေးမယူကြဖို့ အမြဲတိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမယ့် အားလုံးဖြစ်ကြတာလားဆိုတော့လည်း မဟုတ်ပါဘူး။ အဖြစ်များတာကို ပြောတာပါ။ ကျွန်တော်လေ့လာပြီး ရာခိုင်နှုံးတွက်ကြည့်တာအရ မိဘမစုံတဲ့ (၆)ကြွင်းဖွား ရာခိုင်နှုံးဟာ (၆ဝ)% လောက်ရှိပါတယ်။ (၃)ကြွင်းဖွားရာခိုင်နှုံးက (၃၅)% လောက်ရှိပါတယ်။ ကျန်တဲ့ အကြွင်းဖွား(၅)ခုက တစ်ခုနဲ့တစ်ခု သိပ်မကွာပါဘူး။ (၁ဝ)ကနေ (၁၅)% လောက်အတွင်းမှာဘဲ ရှိပါတယ်။ ဒါဟာ အသက် (၁ဝ)နှစ် အတွင်းမှာ ဖြစ်တာ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်မရပ်နိုင်သေးတဲ့ အချိန်မှာ မိခင် (သို့) ဖခင်တစ်ဦး ဆုံရှုံးရတယ်ဆိုတာ ကလေးငယ်တစ်ဦးအတွက် အင်မတန်ပြင်းထန်တဲ့ လောကဓံရိုက်ချက် တစ်ခု မဟုတ်ပါလားဗျာ။
အဲသည်လိုမှ မိခင်ဖခင် မဆုံးရှုံးဘူးဆိုရင် မိဘတွေ စီးပွားကျခြင်းဒဏ်ကိုလည်း ခံစားရတတ်ပါသေးတယ်။ ပြီးတော့ (၆)ကြွင်းဖွား ကလေးငယ်တွေဟာ ငယ်စဉ်ကာလမှ ယုယကြင်နာသူ နည်းတတ်ကြတယ်။ မိခင်၊ ဖခင် ၊ ညီအစ်ကိုမောင်နှမ၊ အဖိုးအဖွား၊ ဦးလေးဒေါ်လေး တွေရဲ့ ချစ်ခင်မှုကို သိပ်မရကြတာများတယ်။
အရွယ်ရောက်လာလို့ ကိုယ့်ဘဝကိုယ်ရုန်းကန်ရပြီဆိုတော့လည်း (၆)ကြွင်းဖွားတွေဟာ အခက်အခဲများစွာနဲ့ ရုန်းကန်ကြရ တတ်ပါတယ်။ နောက်ပြီး အတောင်အလက်စုံလာလို့ ဘဝအဖေါ်ရှာလို့ အိမ်ထောင်ပြုကြပြီဆိုရင်လည်း (၆)ကြွင်းဖွား တွေဟာ အဆင်ပြေပြေ ဖြစ်ခဲပါတယ်။ အနှောင့်အယှက် များစွာကြားထဲက အိမ်ထောင်ပြုကြရတယ်။ ပြီးပြီလားဆိုတော့ မပြီး သေးပါဘူး။ အိမ်ထောင်ရေးအဆင်မပြေကြလို့ အိမ်ထောင်ကွဲကြပြဲကြ တာမျိုးတွေ ဖြစ်တဲ့အထဲမှာလည်း (၆)ကြွင်းဖွားတွေက အများဆုံးပါဘဲ။ (၆)ကြွင်းဖွားဆိုရင် အိမ်ထောင် (၂) ဆက်ဖြစ်တတ်တယ်။ ဖြစ်ဖို့အခွင့်အလမ်း များတယ်။ နောက်တစ်ခုက မုဆိုးဖို၊ မုဆိုးမ ဖြစ်လွယ်တယ်။
ဟုတ်ပါပြီ။ ဒါဆို (၆)ကြွင်းဖွားတွေက ဘာကောင်းတာ ကျန်သေးလဲလို့ မေးစရာရှိလာပါတယ်။ အဲဒီ အမေးအတွက် အဖြေကလည်း ရှိပြီးသားပါ။ ကျွန်တော်ရေးတဲ့ ဗေဒင်ဆောင်းပါးတွေ ဟာ သူများရေးထားတဲ့ စာအုပ်တွေဖတ်-ကူးချ- စိတ်ထဲပေါ်တာရှောက်ရေးတာမျိုး လုံးဝမဟုတ်ပါဘူး။ လူဦးရေ ရာပေါင်းများစွာကို လက်တွေ့ သုတေသနပြုပြီးမှ ရေးတာပါ။ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့် ပတ်ဝန်းကျင်က လူတွေတွင် မကဘဲ ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားသူအားလုံးရဲ့ နာမည် နဲ့ မွေးသက္ကရာဇ်တွေကို လေ့လာစစ်ဆေးကြည့်ပြီးမှ ကိုယ်ပိုင်မူအဖြစ် ရေးသားထားတာချည်း ပါ။
ဒီလို သုတေသနလုပ်ကြည့်တော့ (၆)ကြွင်းဖွားတွေဟာ ဘဝလောကဓံကို ခံရလွန်းအားကြီးလို့လားမသိပါဘူး။ နာနာ ရိုက်ပုတ်ခံရတဲ့ အိုးဟာ ပိုပြီး ခိုင်မာတယ်ဆိုတဲ့ စကားပုံလိုပေါ့။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးလူတွေရဲ့ မွေးသက္ကရာဇ် တွေကို မဟာဘုတ်ချကြည့်ပြီး သုတေသနလုပ်ကြည့်တော အံ့သြစရာကောင်းတာက (၆)ကြွင်းဖွားတွေဟာ တကယ့်ကို ဆရာကြီးတွေ၊ အလွန်ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အရေအတွက်လည်း အများဆုံး၊ ထင်ပေါ်ကျော်ကြားမှုကလည်း သူများလိုက်မမှီအောင် ဖြစ်နေတာကို တွေ့ပါတယ်။
(၆)ကြွင်းဖွားမှန်ရင် ဘဝတစ်ချိန်ချိန်မှာ အထွဋ်အထိပ်ကို ရောက်ကြတာ များပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း လောကဓံ လှိုင်းတစ်ခုက လာပြန်ပါတယ်။ ဒီလို ရုတ်တရက် မြင့်မားသွား တဲ့ အခြေအနေရောက်လာပြန်ပြီဆိုရင်လည်း (၆)ကြွင်းဖွား အတော်များများဟာ အောက်ခြေလွတ်ကုန်ကြတာမျိုးဖြစ်ကြပြန်ရော။ ငါတည်းဟူသော မာန်မာန အလွန်ထောင်လွှားလာကြ ပြန်ပါရော။ အဲဒီ အချိန်မှာ အမှားတွေများများ လုပ်မိလာတတ်ကြတယ်။ အမှားတွေ သိပ်များလာတဲ့ အချိန်မှာ နောက်ဆုံး မှာတော့ အကြောင်းအကျိုး နိယာမအရ လောကဓံတရားကြီးက သူတို့ကို အမြင့်ဆုံးကနေ အနိမ့်ဆုံးကို ပြန်ပစ်ချ လိုက်ပါတော့တယ်။ အဲဒီအခါမှာ (၆)ကြွင်းဖွားတွေဟာ အလွန်နိမ့်ကျတဲ့ ဘဝမျိုးကို ရောက်သွားရပြန်ပါတော့တယ်။
ကျွန်တော်အခုပြောနေတာတွေကို မယုံကြည်ဘူးဆိုရင် ခင်ဗျားပတ်ဝန်းကျင်က ရင်နှီးသူတွေထဲက-
(၁) ငယ်စဉ်ဘဝမှာ မိစုံဘစုံ မနေခဲ့ရသူတွေရယ်
(၂) အိမ်ထောင်ကွဲပျက် ၊ အိမ်ထောင်ဆက် များနေသူတွေရယ် ၊
(၃) လောကဓံတရားအကြီးကြီးတွေနဲ့ ခဏခဏတွေ့ကြုံနေရသူတွေ၊ တွေကြုံ ရင်ဆိုင်ပြီးခဲ့ရသူတွေ -
သူတို့တစ်တွေရဲ့ မွေးသက္ကရာဇ်ကိုတောင်းကြည့် ပါ။ (အင်္ဂလိပ်ခုနှစ်ဆိုရင်) မြန်မာလို ပြန်ပြောင်း- (၇)နဲ့စား။ အကြွင်းကို မှတ်ထား။ အနည်းဆုံး လူ (၂ဝ-၃၀)လောက်လေ့လာကြည့်။ အဲဒီအထဲမှာ (၆)ကြွင်းဖွားက အများဆုံးဖြစ်နေတာကို လက်တွေ့ တွေ့ရပါလိမ့်မယ်ခင်ဗျား။ မဟုတ်ဘူးဆိုရင် ကျွန်တော်ဆီပြန်ပြီး စောဒကတက်ပါ။ ဒုတိယ အများဆုံးက (၃)ကြွင်းဖွားဖြစ်နေလိမ့်မယ်။
(၆)ကြွင်းဖွားတွေရဲ့ အဓိက အားနည်းချက်များကတော့ ကတိပေးလွယ်ခြင်း၊ ပေးပြီး ကတိကို မတည်ကြည်ခြင်း၊ အလုပ် တစ်ခုခုကို စွဲစွဲမြဲမြဲမလုပ်လိုခြင်း၊ အပျော်အပါးများခြင်း၊ အသုံးအဖြုန်းကြီးခြင်း၊ ပေါ်ပင်လုပ်ငန်းဟူ သမျှ ရှောက်လုပ်လိုခြင်း၊ အလွန်ကြီးပွားချမ်းသာလိုခြင်း၊ ထို့ကြောင့် ဖြတ်လမ်းနည်းဖြင့် မမှန်မကန်သော အလုပ်များကို လုပ်မိခြင်း၊ တွေးခေါ်စဉ်းစား ခြင့်ချိန်မှု နည်းပါးခြင်း၊ ကိုယ်အောင် မြင်ကျော်ကြားနေချိန်မှာ ဘယ်သူ့အကြံပေးချက်မှ နားမ၀င်တော့ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်း၊ အတ္တကြီးခြင်း၊ ကိုယ့်တစ်ဘို့ထဲသာ ကြည့်တတ်ခြင်း၊ ခေါင်းအလွန်မာခြင်းများဘဲဖြစ်ပါတယ်။
အဲဒီအချက်တွေနဲ့ ဆန့်ကျင်ဘက် စရိုက်မျိုး၊ အထူးသဖြင့် ဖြောင့်မှန်ပြီး ကတိတည်ကြည်တဲ့ (၆)ကြွင်းဖွားတွေ ကျပြန်တော့လည်း အလွန့်အလွန် အောင်မြင်တာကို တွေ့ပါတယ်။ ဒီလို ဆန့်ကျင်ဘက် စရိုက်ဟာ တစ်ချို့ကျတော့လည်း မွေးရာပါ ပါလာပြီး၊ တစ်ချို့ကြလည်း ကျင့်ယူကြတာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလိုလူမျိုးတွေကျလည်း အလွန်အောင်မြင် ကြီးပွားတာကို တွေ့ရပြန်ပါတယ်။ ဒါကြောင့် (၆)ကြွင်းဖွားတွေဟာ စကားတည်၊ ကတိတည်ပြီး ကိုယ်ကျိုးထက် အများအကျိုး ကို ကြည့်တတ်တဲ့သူဖြစ်ရင် ကျန်အကြွင်းဖွားတွေထက် အောင်မြင် ကျော်ကြားလွယ်သူတွေဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဒါပေမယ့် ခက်တာက (၆)ကြွင်းဖွားတွေဟာ ကိုယ့်အမှား နဲ့ ကိုယ့်အားနည်းချက်ကို သိမြင်လွယ်သူတွေမဟုတ်ကြဘူး။ အခုကျွန်တော်ရေးထားတဲ့ (၆)ကြွင်းဖွားတွေရဲ့ အားနည်းချက်တွေ ကို ကိုယ်တိုင် (၆)ကြွင်းဖွားဖြစ်သူတစ်ဦးက ဖတ်ကြည့်ပြီး ဒီဟောချက်တွေဟာ လုံးဝမမှန်ဘူးး၊ မှားတယ်လို့ ပြောလိမ့်မယ်။ ဒါပေမယ့် (၆)ကြွင်းဖွား တစ်ယောက်နဲ့ အနီးကပ်ပေါင်းသင်း ဘူးတဲ့ သူတစ်ယောက်ဟာ သူနဲ့ပေါင်းနေသူဟာ (၆)ကြွင်းဖွားမှန်းသိသွားတာနဲ့ ဒီဟောချက်တွေဟာ သိပ်မှန်တယ်လို့ ပြောလိမ့်မယ်။ (၆)ကြွင်းဖွားတွေဟာ ကိုယ့်အမှားကိုယ် အလွန် သိနိုင်ခဲတဲ့သူတွေဖြစ်တယ်။ လူတွေအားလုံးဟာ ကိုယ့်အပေါ်မှာ မကောင်းကြဘူး။ ကိုယ်ကဘဲ သိပ်ကောင်းတယ်၊ သိပ်မှန်တယ်လို့ ထင်နေကြသူကများတယ်။
(၆)ကြွင်းဖွားတွေဟာ “ပါးစပ်၊ စကား၊ ကတိ၊ အာမခံ၊ အကြွား၊ ငွေကြေးကိစ္စ”တို့ကြောင့် မကြာခဏဆိုသလို ဒုက္ခရောက်တတ်ပါတယ်။ (၆)ကြွင်းဖွားတွေဟာ ငွေနဲ့ သိပ်တည့်တဲ့ သူတွေမဟုတ်ပါဘူး။ ငွေများများဝင်လာရင် လူပျက်စီး တတ်ပါတယ်။ ဒုက္ခတစ်ခုခုတွေ့တတ်ပါတယ်။ (၆)ကြွင်းဖွား လည်းဖြစ် မွေးဂဏန်းက (4)ဏန်းသမား နဲ့ (9)ဂဏန်းသမား တွေဖြစ်နေရင်တော့ သိပ်မလွယ် လှပါဘူး။ တစ်ယူသန်သမား တွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အလွန်ခက်သူတွေဖြစ်ပါတယ်။ ဒုက္ခမျိုးစုံတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေရသူ တွေလည်းဖြစ်တတ်တယ်။
ကမ္ဘာကျော်တဲ့ (၆)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – ဒုတိယကမ္ဘာစစ်ကြီးပွဲကြီးမှာ ဂျပန်နိုင်ငံရဲ့ စစ်ဗိုလ်ချုပ်ကြီး ရာမာမိုတို၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မိုဟာသီယာမိုဟာမက်၊ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း၊ အမေရိကန် သမ္မတဟောင်း အိုက်စင်ဟောင်းဝါး၊ ရုရှားအလှမယ် အင်နာကော်နီကိုဗာ၊ ဟောလီးဝုဒ် Sex မင်းသမီး အင်နာနီကိုးစမစ်၊ လုပ်ကြံခံ ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နီနိုအကွီနို၊ သေဒဏ်ပေးခံရတဲ့ အာဏာရှင်မွတ်ဆိုလိုနီ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ အဆိုကျော် ဘရစ်တနီစပီးယား၊ အဆိုကျော် ဆယ်လိုင်းဒီယွန်၊ ပြင်သစ်သမ္မတ ချားလ်ဒီဂေါ၊ ကရာတေးမင်းသား ချတ်နောရစ်၊ တရုပ်နိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ တိန့်ရှောက်ဖိန်၊ ဂရုဏာရှင် သူနာပြုဆရာမကြီး ဖလော့ရင့် နိုက်တင်ဂေး၊ ဟောင်ကောင်မင်းသား ဂျက်ကီချန်း၊ ဟောလီးဝုဒ်မင်းသား ဂျင်းကလောက် ဘန်ဒိန်း၊ နာဇီစစ်ခေါင်းဆောင်ဟောင်း ဂျိုးဇက်ဂိုးဘဲလ်၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား၊ ဂျိမ်းစဘွန်းမင်းသား ပီးယားဘရော့စ်နန်၊ ခမာနီ လူသတ် ခေါင်းဆောင် ပိုလ်ပေါ့၊ စာရေးဆရာကြီး ၀ီလီယံဖော့ကနား၊ ရုရှားဘုရင်မကြီး ကတ်သရင်းသဂရိတ်၊ တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒရာ၊ အင်္ဂလန်ဘောလုံးလက်ရွေးစင် သီအိုဝယ်လ်ကော့၊ နောက် ရှောင်ရိုက်ဖီးလစ်၊ ဂျိုလ်ကိုး၊ ဟောလီးဝုဒ် နာမည်ကြီးမင်းသား ဂျွန်ထရာဗိုလ်တာ၊ အက်ရှင်မင်းသားကြီး ဆီဗက်စတာ စတားလုံး၊ အမေရိကန် ဘီလျံနာ ဒေါ်နယ်ထရမ့်၊ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီ မဟတ္တမ ဂန္ဒီ၊ ရောဘတ်ကနေဒီ၊ အီဂျစ်သမ္မတကြီး အန်ဝါ ဆဒတ် စတဲ့ ပုဂ္ဂိုလ်တွေဘဲ ဖြစ်ပါတယ်။
အဲဒီအထဲမှာ – မိုဟာသီယာမိုဟာမက်၊ ဟိုချီမင်း၊ တိန့်ရှောက်ဖိန်၊ ဖလော့ရင့် နိုက်တင်ဂေးလ်၊ နယ်လ်ဆင် မန်ဒဲလား၊ မဟတ္တမဂန္ဒီ စတဲ့ ပုဂ္ဂိုလ်ကြီးများကျတော့ ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံပြီး၊ အများအကျိုးကို ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာကျော်ခဲ့ရတဲ့ (၆)ကြွင်းဖွားများဖြစ်ပါတယ်။ အဲဒီထဲမှာ မိုဟာသီယာမိုဟာမက် တစ်ယောက်က လွဲရင် ကျန်သူအားလုံးဟာ လောကဓံ အလွန်များခဲ့ကြသူများဖြစ်ပါတယ်။ တိန့်ရှောက်ဖိန်ဆိုရင် အာဏာရှင်မော်စီတုန်း ရှိနေစဉ်မှာ အပြင်းအထန် နှိပ်ကွပ်ခံခဲ့ရသူဖြစ်ပါတယ်။
ရာမာမိုတို၊ အင်နာနီကိုးစမစ်၊ ပိုလ်ပေါ့၊ ဂျိုးဇက်ဂိုးဘဲလ်၊ မွတ်ဆိုလိုနီ၊ အန်ဝါဆဒတ် တို့ကျတော့ (၆)ကြွင်းဖွား စရိုက်တွေကြောင့် ဇာတ်သိမ်းမကောင်းခဲ့ရသူတွေဖြစ်ပြီး၊ ဘီလ်ကလင်တန်တို့၊ ဘရစ်တနီစပီးယား တို့ကျတော့ နာမည်ပျက်အရှက်ကွဲဖြစ်ရခြင်း၊ အိမ်ထောင်ပျက်၊မိသားစုဖရိုဖရဲဖြစ်ရတာတွေဟာလည်း (၆)ကြွင်းဖွားတွေရဲ့ မကောင်းတဲ့ ညဉ်တွေကြောင့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာလည်း အဆောက်အဦး ကန်ထရိုက်လောကမှာ နာမည်ပျက်ပြီး ကျဆုံးသွားတဲ့ လုပ်ငန်းရှင်တွေ၊ ပွဲရုံလောကမှာ မနိုင်ဝန်ထမ်းပြီး နာမည်ပျက်၊ ကတိပျက်ပြီး ထွက်ပြေးရတဲ့ ကုန်သည်ကြီး တွေထဲမှာ (၆)ကြွင်းဖွားတွေက အများဆုံး ဖြစ်နေပါတယ်။ ကျွန်တော့်ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။ (၆)ကြွင်းဖွားတွေဟာ ကြီးပွားလိုစိတ်ပြင်းထန်ပြီး မနိုင်ဝန် ထမ်းတတ်တာကို သတိပြုကြပါ။
နောက်ဆုံး စေတနာကောင်းနဲ့ သတိပေးလိုတာ (၆)ကြွင်းဖွားဖြစ်ရင် ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ မှန်မှန်ကန်ကန်နည်းလမ်းနဲ့ ကြီးပွားလိုခြင်း၊ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်ခြင်း၊ ကိုယ့်ဖက်သူ့ဖက်မျှတအောင် ကြည့်တတ်ခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်း(အလှူကြီးကြီးပေးခြင်းမျိုးမဟုတ်)၊ အကြွားမပါခြင်း၊ စကားမဖွာခြင်း၊ လိင်ကိစ္စမရှုတ်ထွေးခြင်း တို့ကို ဗီဇကတည်းက ပါလာသူဖြစ်စေ၊ လေ့ကျင့် ယူလို့ရရှိလာသည် ဖြစ်စေ မိမိအကျင့် စရိုက်တွေဖြစ်လာပြီဆိုရင် အလွန်ကြီးပွားတိုးတက်ခြင်း၊ နာမည်ကြီးခြင်းများကို အခြားအကြွင်းတွေထက် ရလွယ်၊ ဖြစ်လွယ်သူများဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်ခင်ဗျား။
.
ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။
.
Credit ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

(၅)ကြွင်းမဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၅) ဖြစ်ပါက (၅)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။
(၅)ကြွင်းဖွားတွေကတော့ အကြွင်းအားလုံးထဲမှာ နဲနဲ ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာတည်ဆောက်ပုံအရ အရပ်အမောင်း သိပ်မြင့်မား တာ မတွေ့ရတတ်ဘူး။ အသက် (၄ဝ) ကျော်လာရင် ကိုယ်ခန္ဓာ ဝဖြိုးလာတတ် တယ်။ များသောအားဖြင့် ဥပတိရုပ် ကောင်းကြတယ်။ ရုပ်ချောတာ၊ မချောတာ ထက် ခန့်ညားမှုရှိပြီး လူအထင်ကြီးလွယ်တတ်တဲ့ ဥပတိရုပ်မျိုးတွေ ရှိတတ်တယ်။ (ချွင်းချက်= အသက် (၄ဝ)ကျော်လို့မှ ဝဖြိုးမှု ရှိမလာတဲ့ (၅)ကြွင်းဖွားများဟာ ကျန်းမာရေးထိခိုက်မှုသော်၎င်း ၊ စီးပွားရေး အဆင်မပြေမှုသော်၎င်း ဖြစ်နေကြတာကို အတွေ့ရများတတ်ပါတယ်)
(၅)ကြွင်းဖွားတွေဟာ လူထူးလူဆန်းတွေလို့ ခေါ်ရမယ်ထင်တယ်။ သူတို့တစ်တွေဟာ အပြင်ပန်းအရ ကြည့်မယ်ဆိုရင်တော့ လူတွေအားလုံးနဲ့ အဆင်ပြေပေါင်းသင်းနိုင်တယ်။ လူကြားသူကြားထဲမှာ သွားလာထွက်ဝင် နိုင်တယ်။ လူသိအလွန် များတတ် တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ အတွင်းစိတ်အရ အထီးကျန်လွန်းလှတဲ့သူတွေဖြစ်တယ်။ သူတို့ ပေါင်းသင်း ဆက်ဆံ နေရတဲ့သူတွေဟာ လုပ်ငန်းသဘော၊ လူမှုရေးသဘောအရသာ ပေါင်းသင်းနေရပေမယ့် ကိုယ်နဲ့ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာ မတူသူတွေက ပိုများနေတတ်တယ်။ သူတို့ ဘဝမှာ ဝါသနာတူ အဖော်ကောင်း၊ မိတ်ဆွေကောင်း အလွန်ရှားတယ်။ ဒီလိုဖြစ်ရတာဟာလည်း သူတို့ရဲ့ စရိုက်ဝါသနာကလည်း တခြားသူတွေနဲ့ မတူလှဘဲ တစ်မျိုး တစ်ဘာသာ ဖြစ်နေတာ ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါဆို သူတို့က ဘယ်လိုလူစားမျိုးတွေပါလဲ။
(၅)ကြွင်းဖွားတွေဟာ ထူးဆန်းတဲ့ အလုပ်တစ်ခုခု၊ ဝါသနာတစ်ခုခုနဲ့ “ရူးနေကြသူ”တွေဘဲဖြစ်တယ်။ “ရူး” နေတယ်ဆိုတာ Crazy ဖြစ်တာကို ပြောတာပါ။ (၅)ကြွင်းဖွားတော်တော်များ များဟာ “ဂမ္ဘီရ” လိုင်းနဲ့ ပတ်သက်နေကြတာ များတယ်။ ဗေဒင်လိုင်း၊ ဆေးလိုင်း၊ အဂ္ဂိရတ်နဲ့ ဓာတ်လုံးလိုင်း၊ အင်းလိုင်း၊ ဘိုးတော်လိုင်း၊ ထွက်ရပ်ပေါက်လိုင်း၊ ပုတီးလိုင်း၊ သမထလိုင်း၊ နောက်ဆုံး ဝိပဿနာလိုင်းပါ မကျန်အောင် ဆက်စပ်နေကြတာကို တွေ့ရတယ်။ ဒီလိုမှမဟုတ်ရင်လည်း သစ်ပင်ပန်းပင်ရူး၊ အိမ်မွေးတိရိစ္ဆာန်ရူး၊ ပန်းချီပန်းပုရူး၊ ဓာတ်ပုံရူးတွေဖြစ်နေ တာလည်း ရှိကြတယ်။ အခုခေတ်မှာ ကွန်ပျူတာ Crazy အလွန်ဖြစ်လွန်းတဲ့ လူငယ်တွေကို လေ့လာကြည့်ရင်လည်း (၅)ကြွင်းဖွားတွေက ပိုများတယ်။
နောက်ထပ် (၅)ကြွင်းဖွားမူကွဲသမားတစ်မျိုးလည်း ရှိပါသေးတယ်။ သူတို့ကတော့ အလုပ်ဆိုမှ အလုပ်၊ ငွေဆိုမှ ငွေ၊ ရာထူးအာဏာမှ ရာထူးအာဏာ လောက်သာ စိတ်ဝင်စားပြီး ကျန်တာ ဘာကိုမှ စိတ်မ၀င်စားတာလည်း ရှိတတ်ပါတယ်။ (၅)ကြွင်းဖွားဟာ အလွန်ထူးဆန်းပြီး အသိရခက်ပါတယ်။ အစွန်းနှစ်ဖက် ရောက်နေသူများပါတယ်။ ဥပမာ- တစ်ချို့ (၅)ကြွင်း တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် ဘုန်းကြီးတစ်ပိုင်းဖြစ်နေပြီး လုံးဝ စိတ်မ၀င်စားသလို၊ တစ်ချို့(၅)ကြွင်းကျလည်း လိင်ကိစ္စ အလွန်သောင်းကျန်းသူများဖြစ်နေတတ်ပါတယ်။
(၅)ကြွင်းဖွားတွေဟာ အလွန်အကြံပေးရ ခက်တဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုလည်း အလွန်အထင်ကြီးတတ် ကြတယ်။ ပြန်မပြော နားမထောင်တွေဖြစ်တယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တယ်။ စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာလိုသူတွေ မဟုတ်တတ်ကြဘူး။ ကိုယ်ဝါသနာပါတာ လုပ်နေရရင် ပြီးရော ဆိုတဲ့ လူစားမျိုးတွေဖြစ်တယ်။ မှားမှန်းသိပြီး မပြင်နိုင် တဲ့ အထဲမှာ (၅)ကြွင်းဖွားတွေ အတော်များတယ်။ တစ်ချို့ဆို အရက်၊ မူးယစ်ဆေး အလွန်အကျွံ စွဲနေပြီး မဖြတ်နိုင် ကြတော့တဲ့ ဘဝမျိုးကို ရောက်နေတတ်ကြတယ်။
(၅)ကြွင်းဖွားတွေဟာ ဘဝအပြောင်းအလဲ အလွန်နှေးကွေးတတ်တယ်။ ကောင်းစားနေရင်လည်း ရေရှည်ကောင်းစား နေတတ်သလို၊ ဘဝနိမ့်ကျ သွားပြီဆိုရင်လည်း လွယ်လွယ်နဲ့ ပြန် မတက်နိုင်တော့တာတွေကို အများဆုံးတွေ့ရတယ်။ (၅)ကြွင်းဖွားတွေအရမ်းဆင်းရဲတာတွေ့ ရသလို၊ အရမ်းချမ်းသာ နေတာတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဟာ ချမ်းသာ ကြွယ်ဝ မှုတို့ အောင်မြင်မှုတို့ကို ထူးထူးဆန်းဆန်းနည်းတွေနဲ့ ရရှိလာတတ်တယ်။ သူတို့ကိုယ်တိုင် ကြိုးစားမှုထက် ကံတရား ကို၌က ကြံဖန်ဖြစ်လာတတ်တာမျိုးဖြစ်တတ်တယ်။
သူတို့မှာ ကံကောင်းတဲ့အချက်ကတော့ အိမ်ထောင်ဘက်ကောင်း ရတတ်ခြင်းပါဘဲ။ (၅)ကြွင်းဖွား တွေရဲ့ ဇနီးတွေဟာ အလွန်သည်းခံနိုင်စွမ်းရှိသူတွေလို့ ပြောရမယ်ထင်တယ်။ ကိုယ့် ယောင်္ကျား ဘာလုပ်လုပ် သည်းခံပေးနိုင်ကြတဲ့ ဇနီးမျိုးတွေနဲ့ ရတတ်တယ်။ တစ်ချို့ကျပြန်တော့လည်း မနိုင်လို့ သည်းခံ ရတာမျိုးလည်း ရှိမှာပေါ့။ (၅)ကြွင်းဖွား ယောင်္ကျားတွေဟာ ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာ ကြင်နာယုယမှု သိပ်မရှိကြတာများပါတယ်။ သားသမီးလည်း နည်းတတ်တယ်။ တစ်ချို့ (၅)ကြွင်းဖွားတွေဆိုရင် သားသမီးလုံးဝမထွန်းကားတတ်ဘူး။ (၅)ကြွင်းဖွားတွေဟာ ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အိမ်ထောင်ရေး ပြဿနာ နည်းတတ်ပါတယ်။ အဖိုးကြီး အဖွားကြီးဖြစ်တဲ့အထိ ပေါင်းသင်းသွားရတဲ့ (၅)ကြွင်းဖွားတွေ တော်တော် များပါတယ်။
(၅)ကြွင်းဖွားတွေဟာ ဘာသာရေး အစွန်းရောက်သူတွေ ဖြစ်တာများတယ်။ တန်ခိုး ဣဒ္ဓိပါတ်ရှိသူတွေ၊ ဘုန်းတန်ခိုး ပြနိုင်သူတွေကို အထင်ကြီးလွယ်တယ်။ ဒါကြောင့် (၅)ကြွင်းဖွားတွေ ဟာ ဘိုးတော်၊ မယ်တော်၊ နတ်ကတော်၊ ဆရာတော်တွေ စတဲ့ “ပုဂ္ဂိုလ်” များကို ကိုးကွယ်သူတွေဖြစ်နေတာများတယ်။ ဒါပေမယ့် သူတို့ ကိုးကွယ်ယုံကြည်မှုဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ မိမိဘဝကောင်းစားရေး အတွက်ဖြစ်နေတတ်တယ်။
(၅)ကြွင်းဖွားတွေဟာ ဘဝကို ဖြစ်သလို နေတတ် စားတတ်တယ်။ ပေပေတေတေ နေတတ်တယ်။ စည်းကမ်းသိပ်မရှိလှဘူး။ လျှပ်တစ်ပြက် အကြံဉာဏ်ကောင်းပေမဲ့ ရေရှည် စီမံခန့်ခွဲမှုတော့ ညံ့ဖျင်းတတ်ကြတယ်။ သူတို့တစ်တွေဟာ စီးပွားရေး သမားကောင်းတွေတော့ မဟုတ်တတ်ကြဘူး။ ချမ်းသာလာရင်လည်း အသုံးအဖြုန်း အလွန်ကြီးကြတယ်။ သူတို့ဟာ ချမ်းသာ မှုကို ကြိုးစားမှုကြောင့်ထက် “ကံ”ကြောင့်သော်၎င်း၊ “ပုဂ္ဂိလ်” များရဲ့ မ စ မှုကြောင့်၎င်း ရရှိတာလို့ ယုံကြည်သူတွေက ပိုများ တယ်။ သူတို့ရဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့် ပြန်တော့လည်း သူတို့ ယုံကြည်မှုဟာ ဟုတ်သလိုဖြစ်နေတတ်တယ်။
ကျန်းမာရေးနဲ့ ပတ်သက်လာရင် (၅)ကြွင်းဖွားတွေဟာ ကျန်းမာရေးကို သိပ်ဂရုစိုက်လှသူတွေ မဟုတ်ပါဘူး။ စားချင်သလို စား၊ အိပ်ချင်တဲ့ အချိန်အိပ်၊ သွားချင်သလို သွားလာနေထိုင် တတ်ကြပါတယ်။ ဒီ ဒဏ်ရာဒဏ်ချက်တွေဟာ အသက်ကြီး ပိုင်းမှာ ကျန်းမာရေး ထိခိုက်လာတတ်ကြပါတယ်။ (၅)ကြွင်းဖွားတွေ အထူးသတိထားရမယ့် ရောဂါကတော့ မျက်စေ့ရောဂါ နဲ့ ဆီးချိုရောဂါ တို့ဘဲဖြစ်ပါတယ်။ (၅)ကြွင်းဖွားတွေဟာ ဆီးချိုရောဂါ အင်မတန်ဖြစ်လွယ်တာကို သတိထားပါ။ တစ်ခြား သတိပြုရမယ့် ရောဂါကတော့ သွေးတိုးနဲ့လေဖြတ်ခြင်းတွေပါဘဲ။ (၅)ကြွင်းဖွားတွေဟာ ငယ်ငယ်မှာ ကျန်းမာရေး ကောင်းသလောက် အသက်ကြီးလာရင် ကျန်းမာရေး အလွန်ချုခြာတတ်တာကို သတိပြုပါ။
(၅)ကြွင်းဖွားတွေ အောင်မြင်ချင်ရင် ဘဝမှာ ကိုယ့်ထက် တတ်သိတဲ့ နားလည်တဲ့ သူတွေရဲ့ အကြံပေးမှုကို လက်ခံ လိုက်နာသင့်ပါတယ်။ တိုင်ပင်သင့်ပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်မှုကြောင့် မှားပြီးရင်း မှားရတဲ့ (၅)ကြွင်းတွေ များလှ ပါတယ်။ “ပုဂ္ဂိုလ်” ကိုးကွယ်မှုကို အလွန်အကျွံ မလုပ်သင့် ပါဘူး။ အလိမ်အညာတွေနဲ့ တွေ့ပြီး ဘဝနစ်မွန်းတတ်ပါတယ်။ (၅)ကြွင်းဖွားတွေ ဘဝပျက်ရတာဟာ ဘယ်သူ့စကား၊ ဘယ်သူ့အကြံပေးမှုကိုမှ နားမဝင်တော့ဘဲ ကိုယ်တစ်ဦးထဲရဲ့ ဆုံးဖြတ်ချက်ကို ရှေ့တန်းတင် လုပ်တတ်တဲ့အကြောင်းကြောင့် သာလျှင် ဖြစ်ကြောင်း လေ့လာ သုတေသန ပြုချက်များအရ တင်ပြလိုက်ရပါတယ်ခင်ဗျား။
ကမ္ဘာကျော်တဲ့ (၆)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – နပိုလီယံ၏ ချစ်လှစွာသော မိဘုရားကြီး ဂျိုဆက်ဖင် ၊ နာဇီစစ်ဦးကို ကျိုးသွားစေခဲ့တဲ့ ဆိုဗီယက် သေနာပတိချုပ် မာရှယ်ဇူးကော့ဗ် ၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူး ၊ ပါကစ္စတန် သမ္မတ ဇီယာအူလ်ဟတ်၊ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန် မားကို့စ် ၊ အမေရိကန် သမ္မတဟောင်း ရော်နယ် ရီဂင် ၊ နိုဘယ်ဆုများကို တည်ထောင်ခဲ့သူ အယ်လ်ဖရက် နိုဘယ် ၊  မော့စ် ကြေးနန်းကို တီထွင်ခဲ့သူ ဆင်မြူယယ် မော့စ်၊ ဖလင်ကော်ပြားတီထွင်သူ ဂျော့စ် အီစမင် ၊ အောင်ဆန်းအက်တလီ , နု အက်တလီ စာချုပ်များ ချုပ်ဆိုခဲ့သူ ဗြိတိသျှ ၀န်ကြီးချုပ် ကလီမင့် အက်တလီ ၊ ရိုမေးနီးယား အာဏာရှင်ဟောင်း နီကိုလပ်စ် ချောင်စက်စကူ၊ အမေရိကန် သတင်းစာ ဆရာမကြီး ကက်သရင်း ဂရေဟမ် ၊ ရုရှား ၀န်ကြီးချုပ် ဗလာဒီမာ ပူတင် ၊ လူရွှင်တော်ကြီး ဘော့ဟုတ် ၊ တင်းနစ် အလှမယ် မာရီယာ ရှာရာပိုဗာ Wall Mart ကုန်တိုက်များပိုင်ရှင် ဆမ် ဝေါ်တန် ၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား ၊ အဆိုကျော် စင်ဒီလော့ပါး ၊ အိန္ဒိယ ကဗျာစာဆိုကြီး ရာဗင်ဒြာနတ် တဂိုး ၊ ဘောလုံးစတားများ ဖြစ်ကြတဲ့ ဖာဘရီဂတ်စ် ၊ ဂျွန်တယ်ရီ ၊ အက်ရှ်လေကိုး ၊ စတီဗင် ဂျရတ် ၊ ဖာနန်ဒို တောရက်စ် ၊ ပီတာ ခရော့ခ်ျ ၊ မော်ဒယ် ပဲရစ် ဟီလ်တန် ၊ မဟာဂီတ ပညာရှင် ဗီသိုဗင် ၊  ရုရှားနိုင်ငံ နန်းတွင်း ပျောက်စေဆရာကြီး ရပ်စ်ပြူတင် ၊ ဒုတိယ ကမ္ဘာစစ်မီးကြီး မွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာ ၊ ဆားဗီးယား လူသတ်တရားခံ ရိုဒိုဗန် ကာရာဒစ်ဇ် ၊ လုပ်ကြံခံ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ ၊ အိန္ဒိယ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီ ၊ တောင်ကိုးရီးယား အာဏာရှင်ဟောင်း ပတ်ချုံဟီးလ် ၊ မော်တော်ကားကို စတင်တီထွင် ခဲ့သူ ဟင်နရီ ဖို့ဒ် ကမ္ဘာ့အနှိုင်းမဲ့ မဟာဂရုဏာရှင် မာသာထရီဇာ တို့ ဖြစ်ကြပါတယ်။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
.
Credit -ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

(၄)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။
(၄)ကြွင်းဖွားမှန်ရင် လူမှုဆက်ဆံရေး ကောင်းမယ်။ ပါးနပ်လိမ္မာမယ်။ အပေါင်း အသင်းဆန့်မယ်။ လူသိ အလွန်များတယ်။ ဘယ်လို လူမျိုးနဲ့မဆို ပေါင်းနိုင် သင်းနိုင်တယ်။ စကားပြောလည်း အလွန် လိမ္မာပါးနပ်မယ်။ လူကဲခပ် အလွန် ကောင်းတယ်။ လူကောင်းလူဆိုး ချက်ခြင်း သိနိုင်စွမ်းရှိတတ်တယ်။ ဖြောင်းဖြ ပြောဆိုတတ်တယ်။ ခပ်ရှင်းရှင်းပြောရရင်တော့ (၄)ကြွင်းဖွားတွေဟာ လူရည် လည်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မိဘ ဆရာ သမားတွေရဲ့ ဂုဏ်ကျေး ဇူးကို အထူးသိတတ်သူများလည်းဖြစ်တယ်။ လူကြီးသူမတွေကို ရိုသေကိုင်းရှိုင်းတတ်မယ်။
(၄)ကြွင်းဖွားတွေဟာ ငယ်စဉ်ကာလမှာ မိဘ၊ ဦးလေးအဒေါ်၊ အဖိုးအဖွားများရဲ့ အထူးချစ်ခင်မှု ၊ အလိုလိုက်မှုတွေကို အများဆုံး ခံကြရတတ်လေ့ရှိတယ်။ ကျန်တဲ့ အကြွင်းဖွားတွေရဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ ငယ်စဉ်ဘဝဟာ အဆင်ပြေ ချောမွေ့တာက ပိုများပါတယ်။ မိဘတွေ အိမ်ထောင်ရေး၊ စီးပွားရေးတွေ အဆင်ပြေနေချိန်မှာ မွေးဖွားလာတတ်ကြ တယ်။ ဒါမှ မဟုတ် သူတို့ မွေးဖွားပြီးချိန်ကစပြီး မိဘတွေ စီးပွားတတ်လာတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ ငွေ၊ ဂုဏ်၊ အာဏာအခွင့်အရေးများကို မက်မော အထင်ကြီးလွယ်တယ်။ ချမ်းသာဖို့၊ အောင်မြင်ဖို့ အတွက်ဆိုရင် ဖြတ်လမ်းလိုက်တတ်တယ်။ ဘာမဆို လုပ်ရဲတဲ့ သတ္တိရှိတယ်။ (၄)ကြွင်းဖွားတွေဟာ အာဏာရှိသူများနှင့် အကျွမ်းတဝင်ဖြစ်လွယ်ပြီး အခွင့်အရေး များကိုလည်း ရအောင် ယူတတ်တယ်။ (၄)ကြွင်းဖွားအတော်များများဟာ လောဘ သက္ကာယ ကြီးမားတတ်ကြပြီး ကြီးပွားချမ်းသာလိုစိတ် ပြင်းထန်တတ် ကြတယ်။ ဘယ်လောက်ချမ်းသာချမ်းသာ ရောင့်ရဲ နိုင်တယ် မရှိအောင်ကို ဖြစ်တတ်တဲ့ (၄)ကြွင်းတွေလည်း တော်တော်များများတွေ့ရတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် ကိုယ်ကျင့်တရားကို ဖောက်ဖျက်ဖို့ ဝန်မလေးသူများ ဖြစ်တတ် တယ်။ ကတိမတည်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း တွေကို (၄)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်တယ်။ သူများပိုင်ငွေ၊ ဥစ္စာပစ္စည်းတွေကို အလွဲသုံးစား ပြုလုပ် လွယ်တတ်တယ်။ သူတို့တစ်တွေ ဘဝပျက်ကြတာဟာ ဒီအချက်ကြောင့်ဘဲ ဆိုတာ တွေ့ရတယ်။ (၄)ကြွင်းဖွားတစ်ယောက်ဟာ နာမည်ပျက်သွားရင် ပြန်ပြီး နာလံထူဖို့ အလွန်ခဲယဉ်းတယ်။
ဒီအားနည်းချက်ကို စောင့်ထိန်းနိုင်တဲ့ (၄)ကြွင်းဖွားဖြစ်ရင်တော့ အလွန်ကြီးပွားတိုးတက်ပြီး ထိပ်တန်းရောက်အောင် အောင်မြင် တတ်တာဟာ အသေအချာပါဘဲ။ ဒါပေမဲ့ ဒီလို (၄)ကြွင်းသမားမျိုးကလည်း အလွန်ရှားလှပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။
(၄)ကြွင်းဖွားတွေဟာ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုပေမယ့် အပြင်ပန်းသာမန် ပေါင်းသင်းဆက်ဆံမှု အနေနဲ့တော့ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ စီးပွားရေးပိုင်းမှာတော့ အတိုက်အခံ အလွန်များတတ်တယ်။ မိမိနဲ့ အစပိုင်းမှာ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်ဖြစ်နေသူများသော်မှ နောက်ပိုင်းမှာ ရန်သူတွေ ဖြစ်လာတတ်တယ်။ အပေါင်းအသင်းများပေမဲ့ မိတ်ဆွေစစ် အလွန်ရှားတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ လုပ်ငန်းအပေါ်မှာ စီမံခန့်ခွဲမှု ကောင်းတတ်ကြတယ်။ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ကိုင် နိုင်စွမ်းရှိတတ်ကြတယ်။ မိမိကိုယ်တိုင် လုပ်ကိုင်ခြင်းထက် လက်အောက်ငယ်သားတွေကို ခိုင်းစေရာမှာ ပိုမိုကျွမ်းကျင် တတ်ကြ ပါတယ်။ စီးပွားရေး ဦးနှောက်ရှိတယ်။ လက်အောက်ငယ်သားတွေ အပေါ်မှာ ရက်ရောတယ်၊ ပေးကမ်း စွန့်ကြဲတတ်တယ်။ အခက်အခဲရှိရင် ကူညီတယ်။ ဒါကြောင့်  သူတို့မှာ သစ္စာရှိ တပည့်ကောင်းတွေ ရှိတတ်ကြတယ်။ သူတို့ ကိုယ်တိုင် ကလည်း အသုံးအစွဲ အလွန်ကြီးတယ်။ လက်ဖွာတယ်။ အကောင်းစား ပစ္စည်းတွေကိုသာ သုံးစွဲတတ်လေ့ရှိတယ်။ ပကာသန ကို မက်မောလွယ်တယ်။ လောကကြီးမှာ အသိပညာ၊ အတတ်ပညာ ဆည်းပူးခြင်း၊ လူ့လောက အကျိုးကို သည်ပိုး ခြင်းများထက် ကောင်းကောင်းနေ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်း စားသောက်ရခြင်းကို ပိုမိုခုံမင်တတ်တယ်။ တစ်ကိုယ်ကောင်း ဆန်သည်ဟုလည်း ဆိုနိုင်တယ်။ (၄)ကြွင်းဖွားတွေဟာ အပြင်ပန်းအနေနဲ့ ဆက်ဆံရေးကောင်းပြီး၊ ရက်ရောသဘောကောင်း သူတွေလို့ ထင်ရပေမဲ့ တကယ့်အရေးမှာ အနစ်နာ မခံနိုင်သူက ပိုများပါတယ်။
(၄)ကြွင်းဖွားတွေဟာ အိမ်ထောင်ရေးမှာလည်း ရှုတ်ထွေးပွေလီလှပါတယ်။ ဘဝမှာ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။ တရားမဝင် အိမ်ထောင်ကျခြင်းမျိုးကို (၄)ကြွင်းဖွားတွေ မှာ အများဆုံးတွေ့ရတတ်တယ်။ အိမ်ထောင်ရေး ကိစ္စကို လေးလေး နက်နက် တန်ဖိုးမထားတတ်ကြပါ။ မိမိ အိမ်ထောင်ဘက်ကို အလွန်ချစ်မြတ်နိုးသည့် (၄)ကြွင်းဖွားများပင် လိင်ကိစ္စ ရှုတ်ထွေးမှု များကို မစွန့်လွှတ်နိုင်ကြတာကို တွေ့ရပါတယ်။
(၄)ကြွင်းဖွား မိန်းကလေးများကျပြန်တော့ အိမ်ထောင်ရေး အထူးကံဆိုးသူများလို့ ဆိုရပါမယ်။ မိမိအိမ်ထောင်ဘက်ဟာ အိမ်ထောင့်တာဝန် မကျေပွန်သူများ၊ လိင်ကိစ္စဖောက်ပြန် ရှုတ်ထွေးသူများ ဖြစ်တတ်တာကို အများဆုံး တွေ့ကြုံရတတ် ပါတယ်။ နောက်ဆုံးမှာ အိမ်ထောင်ဘက်ဖြစ်သူကို အရွဲ့တိုက်ကာ မိမိကိုယ်တိုင်လည်း အိမ်ထောင်ရေး ဖောက်ပြန်မှု များကို ကျူးလွန် မိတတ်တာကို သတိပြုကြပါ။
(၄)ကြွင်းဖွားတွေဟာ မိမိသားသမီးများအပေါ်မှာ အလွန်ချစ်ခင်မြတ်နိုးကြသူများဖြစ်တတ်ကြတယ်။ တာဝန်လည်း ကျေပွန် တတ်ကြတယ်။ အချစ်ကြီးတယ်။ အလိုလိုက်မှုများတယ်။ ဒါပေမဲ့ နည်းလမ်းစနစ်တကျ လမ်းညွှန်တတ်တာမဟုတ်လို့ သူတို့ ကလေးတွေဟာ ငယ်စဉ်ကာလမှာ ဆိုးသွမ်းတတ်ကြတယ်။ ဒါပေမဲ့ (၄)ကြွင်းဖွားတွေဟာ အသက်ကြီးလာရင် သားသမီး တွေရဲ့ ကျေးဇူးသိတတ်မှုကို အထူးခံစားရတတ်တယ်။ သားသမီးကံ ကောင်းတယ်လို့ ဆိုရမယ်။
(၄)ကြွင်းဖွားတွေဟာ ဘဝ နိမ့်မြင့်တက်ကျ အလွန်များတတ်ကြပါတယ်။ တည်ငြိမ်အေးချမ်းသော ဘဝအခြေအနေမျိုးမှာ ပုံမှန် မရှိတတ်ကြပါဘူး။ (၄)ကြွင်းမှန်ရင် ဘဝမှာ လောကဓံ တရားတွေကို အနည်းနဲ့အများ ခံစားကြရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ တစ်တွေဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ် နိုင်စွမ်းရှိကြပါတယ်။
(၄)ကြွင်းဖွားတွေ အထူးသတိပြုရမဲ့ ရောဂါတွေကတော့ သွေးနှင့် ပတ်သက်သော ရောဂါများ၊ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဦးခေါင်းကိုက်ခြင်း၊လေဖြတ်ခြင်း၊ အမျိုးသမီးများတွင် သားပျက်ခြင်း၊ သားသမီး အဖတ်မတင်ခြင်း၊ သားအိမ်ရောဂါဖြစ်လွယ်ပြီး ခွဲစိတ်ကုသခံရခြင်း၊ များ ခံရတတ်ပါတယ်။ မတော်တဆထိခိုက်မှုများလည်း ဖြစ်လွယ်တတ်ပါတယ်။
(၄)ကြွင်းဖွားတွေအနေနဲ့ ဘဝမှာ အောင်မြင်လိုရင် လောဘစိတ်ကို လျော့ခြင်း၊ ကတိတည်ကြည်ခြင်း၊ အပေါ်ယံ ပကာသနများအပေါ် တပ်မက်မှုကို လျှော့ခြင်း၊ တစ်ကိုယ်ကောင်းစိတ် မမွေးခြင်း၊ အပြောနဲ့ အလုပ် ညီစေခြင်း၊ လိင်ကိစ္စ အပျော်အပါးများ လျော့နည်းစေခြင်း၊ မိမိအိမ်ထောင်ဘက်အပေါ် သစ္စာထားခြင်း၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ရသည့် အနေအထားတွင် အလွဲသုံးစား မပြုမိအောင် အထူးသတိထားခြင်းများ လိုက်နာကျင့်ကြံသင့်သည်။ အပေါ်ယံ ဆက်ဆံရေး ကောင်းမွန်မှုထက် လက်တွေ့ပါသော ကူညီမှု၊ စွန့်ကြဲပေးကမ်းမှုများကို ပြုလုပ်ပေးရမယ်။ အတွေးအခေါ် မြင့်မား စေမည့် စာအုပ်များကို ဖတ်ရှုလေ့လာသင့်ပါတယ်။ အထူးသဖြင့် ကတိတစ်ခု ပေးမိလျှင် မပျက်အောင် ထိန်းသိမ်း နိုင်မယ်ဆိုရင် ဘဝဟာ အောင်မြင်မှုတွေများများ ရရှိလာပါလိမ့်မယ်။
ကမ္ဘာကျော်တဲ့ (၄)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျွန်ပီးယားပွန့်မော်ဂန် (Jr) ၊ ရေနံ သူဌေးကြီး ဂျွန်ဒီ ရောက်ဖဲလား၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ၊ မြန်မာနိုင်ငံရှိ ဂျပန်များကို တိုက်ထုတ်ရာမှာ အဓိကကျခဲ့သူ ဗြိတိသျှ ဗိုလ်ချုပ် အော်ဒီ ၀င်းဂိတ် ၊ ပူလစ်ဇာ ဆုကို တီထွင်ခဲ့သူ ဂျိုးဇက် ပူလစ်ဇာ ၊ ဟောလီးဝုဒ် မင်းသားတွေ ဖြစ်ကြတဲ့ မင်းသားကြီး မာလွန်ဘရန်ဒို ၊ မင်းသားကြီး လီးမာဗင်မိုက်ကယ် ဒေါက်ဂလပ်စ်မော်ဂန် ဖရီးမင်း၊ ရော်ဘင် ၀ီလီယံ ၊ ဒတ်စတင် ဟော့ဖ်မန်း ၊ ကြေးနန်းကို တီထွင်ခဲ့သူ မာကိုနီ ၊ လကမ္ဘာ ပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့သူ နေးလ် အမ်စထရောင်း ၊ ဆီးရီးယား သမ္မတ ဟာဖစ် အာဆတ် ၊ ဘိုးရင်း လေယာဉ်ပျံ ကုမ္ပဏီ ကို တည်ထောင်ခဲ့သူ ၀ီလီယံ ဘိုးရင်း ၊ သိပ္ပံပညာရှင် မဒမ် မာရီ ကျူရီ ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ပထမဆုံး ရုရှားနိုင်ငံ သမ္မတ ဘောရစ် ယဲ့လ်ဆင် ၊ ကမ္ဘာကျော် Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ၊ ဟောလီးဝုဒ်မင်းသား ဂျူဒ်လော ၊ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ ၊ ဟောလီးဝုဒ် မင်းသမီးချော ဘရွတ်ခ် ရှီးလ် ၊ ကင်မရွန်း ဒဇ် ၊ မော်ဒယ် စင်ဒီ ကရောဖို့ဒ် ၊ ဘောလုံးစတားတွေ ဖြစ်တဲ့ မိုက်ကယ် အိုဝင် ၊ အန်ဒရီ ဘိုရိုနင် ၊ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီ ၊ ဂီတပညာရှင်ကြီး မိုးဇက် ၊ လက်ဘနွန် ၀န်ကြီးချုပ် ရာဖစ်ဟာရီရီ ၊ အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ ၊ ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ ဘိုနာပတ် ၊ ခရိုက်စလာ မော်တော်ကား ကော်ပိုရေးရှင်းကြီး တည်ထောင်သူ ဝေါ်လ်တာ ခရိုက်စလာ ၊ ဗြိတိသျှ နန်းရင်းဝန်ကြီး ဘင်ဂျမင် ဒစ္စရေလီ ၊ ကြိုးပေးကွပ်မျက်ခံရတဲ့ အီရတ်သမ္မတဟောင်း ဆက်ဒမ် ဟူစိန် ၊ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မက်စ် ၊ ဆိုဗီယက်ယူနီယံရဲ့ နောက်ဆုံးခေါင်းဆောင် မီခေးလ် ဂေါ်ဗာချော့ဗ် ၊ အာရေဗျ စစ်သူရဲကောင်း လော့ရင့်စ် (T.E Lawrence) ၊ စင်္ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်ယူး ၊ အင်္ဂလန်နိုင်ငံကို နာဇီတို့ လက်အောက်မကျရောက်အောင် ကြံ့ကြံ့ခံ ကာကွယ်ခဲ့သူ ၀န်ကြီးချုပ် ဆာဝန်စတင် ချာချီ ၊ ကမ္ဘာကျော် တီထွင်ပညာရှင်ကြီး သောမတ်စ် အက်ဒီဆင် ၊ တယ်လီဖုန်းဆက်သွယ်မှုကို စတင် တည်ထောင်ခဲ့သူ ဂရေဟမ်ဘဲလ် ၊ စာရေးဆရာကြီး ချားလ်ဒစ်ကင်းRock အဆိုကျော် ရော့ဒ် စတီးဝပ် ၊ အဆိုကျော် မက်ဒေါနား တို့ ဖြစ်ကြပါတယ်။
.
Credit -ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

(၃)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၃) ဖြစ်ပါက (၃)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါ က (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။
(၃)ကြွင်းဖွားများသည် မြင့်မားသော ဥပတိရုပ်နှင့် ကြည့်ပျော်ရှုပျော် ရှိကြသော ရုပ်အဆင်းကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် လူအများအကြား တွင် သိသာထင်ရှား ပေါ်လွင်သော ဥပတိရုပ် နှင့် အဆင်းသဏ္ဍန်မျိုး ရှိတတ်ကြသည်။ ဆန့်ကျင်ဘက် လိင် များကို ဆွဲဆောင်နိုင်စွမ်းရှိကြသည်။ အမြဲသွက်လက် ဖြတ်လတ်နေကြသူများ ဖြစ်ပြီး စိတ်အားထက်သန်မှု အလွန် မြင့်မားကြသည်။ တိုးတက်ကြီးပွားလိုစိတ် ပြင်းထန်ပြီး အလုပ်ကို မနေမနား လုပ်ကိုင်နိုင်စွမ်း ရှိကြသူ များလည်း ဖြစ်ကြသည်။
(၃)ကြွင်းဖွားများ၏ ငယ်စဉ်ဘဝသည် ခက်ခဲကြမ်းတမ်းကြသည်က ပိုများသည်။ သူတို့ မွေးဖွားလာကြချိန်တွင် မိဘာများ အိမ်ထောင်ရေး ပဋိပက္ခဖြစ်နေချိန်မျိုးသော်၎င်း၊ စီးပွားရေး အဆင်မပြေဖြစ်နေကြချိန်များ ဖြစ်တတ်ကြသည်။ အချို့မှာ မိခင်၊ ဖခင်များ မစုံလင်တော့ဘဲ မိတစ်ကွဲ ဘတစ်ကွဲ ဖြစ်နေတတ်ကြသည်။ မိမိမွေးဖွားပြီး နှစ်အနည်းငယ်အတွင်း မိဘ တစ်ဦးဦး ကွယ်လွန်သွားသော (၃)ကြွင်းများကိုလည်း အများအပြားတွေ့ရတတ်သည်။
ထိုသို့ (၃)ကြွင်းဖွားများ၏ ပထမအရွယ်သည် ခက်ခဲကြမ်းတမ်းလေ့ ရှိတတ်ကြသော်လည်း ဒုတိယ၊ တတိယ အရွယ်များတွင် ကောင်းစားတတ်ကြလေ့ရှိသည်။ အထူးသဖြင့် (၃)ကြွင်းဖွား များသည် ဒုတိယအရွယ် နှင့် တတိယအရွယ် အစပိုင်း (အသက် ၂၅ နှစ် မှ ၆၅နှစ်) အတွင်း လျှမ်းလျှမ်းတောက် ကောင်းစားတတ်ကြသည်။ သို့သော် နာမည်အင်အား နည်းပါးခြင်း နှင့် ဘ၀အဆုံးသတ် ကံကြမ္မာ မကောင်းသော နာမည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်ပါက တတိယအရွယ်အဆုံးတွင် ကြီးပွားရေး၊ စီးပွားရေးများ အလွန်ဆုတ်ယုတ် ကျဆင်းတတ် ပြန်ပေသည်။
(၃)ကြွင်းဖွားများသည် အရွယ်ရောက်စကပင် လိင်ကိစ္စနှင့် ပတ်သတ်ပြီး အတွေ့အကြုံ ရှိတတ်ကြသည်။ အဆင်မသင့်လျှင် အိမ်ထောင်ကျ စောတတ်သည်။ (၃)ကြွင်းဖွား အတော်များ များလိုပင် လိင်စိတ်ဆန္ဒပြင်းထန်ကြသူများ ဖြစ်တတ်ကြပြီး အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စများတွင်လည်း အရှုတ်အထွေး အလွန်များတတ်ကြသည်။ လိင်ကိစ္စနှင့် ပတ်သတ်ပြီး နာမည် ပျက်ခြင်း၊ အရှက်ကွဲခြင်းများ ကြုံရတတ်သည်။ အနေနီးစပ်သော သူများနှင့်၎င်း၊ ဆွေမျိုးသားခြင်း အချင်းချင်းသော်၎င်း ညိစွန်းမှုများကို (၃)ကြွင်းဖွားများတွင် အများဆုံး တွေ့ရတတ်သည်။
သူတို့သည် မျှော်လင့်မထားဘဲ ရုတ်တရက် အိမ်ထောင်ကျခြင်းမျိုး ဖြစ်တတ်ကြသည်။ (၃)ကြွင်းဖွားများသည် မိမိကိုယ်တိုင် အိမ်ထောင်ရေး ရှုတ်ထွေးဖောက်ပြန်တတ်ကြသလို မိမိ အိမ်ထောင်ဘက်သည်လည်း အိမ်ထောင်ရေး ရှုတ်ထွေးသူမျိုးနှင့် ပြန်လည် ကြုံဆုံရတတ်သည်မျိုးက များသည်။ (အားလုံးကိုကား မဆိုလိုပါ) ။ အတွေ့ရများတတ်သောသဘောကို ဆိုလိုခြင်း မျှသာ ဖြစ်ပါသည်။ ဘ၀တွင် အိမ်ထောင်ကွဲခြင်း၊ အိမ်ထောင်ပျက်ခြင်း၊ အိမ်ထောင်ဆက်များခြင်းများကို (၃) ကြွင်းဖွား များတွင် အများဆုံး တွေ့ရတတ်သည်။
သူတို့သည် ဉာဏ်ရည် ဉာဏ်သွေး အလွန်ထက်မြက်ကြသူများဖြစ်ကြပြီး အတွေးအခေါ်လည်း ကောင်းတတ်ကြလေ့ ရှိသည်။ ဘာသာရပ်မျိုးစုံ၊အတတ်ပညာမျိုးစုံကို တတ်မြောက်တတ် ကြသည်။ မိမိအလုပ်ကို တစ်ဖက်ကမ်းခတ် တတ်မြောက် ကျွမ်းကျင် ကြသူများဖြစ်ပြီး တပည့်လက်သားများ၏ လုပ်ကိုင်မှုများကို အမြဲလိုလို သဘောကျ ကျေနပ်နိုင်မှု မရှိကြသူများ လည်း ဖြစ်ကြသည်။ အရာရာကို မိမိခြေ၊ မိမိလက် လုပ်ရမှ ကျေနပ်ကြသူများဖြစ်ကြသည်။
(၃)ကြွင်းဖွားများသည် များသောအားဖြင့် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကြသူများ မဟုတ်ကြချေ။ စကားပြောဆိုရာတွင် ယဉ်ကျေးသိမ်မွေ့မှု နည်းပါးတတ်ကြသည်။ စိတ်တိုဒေါသကြီး လွယ်ကြပြီး စိတ်တိုနေချိန်တွင် အလွန်ကြမ်းတမ်းစွာ ပြောဆို ပြုမူတတ်ကြသည်။ (၃)ကြွင်းဖွားများသည် ဆန့်ကျင်ဘက် လိင်များကို ဆွဲဆောင်နိုင်စွမ်း မြင့်မားကြသည် ဆိုငြားသော်လည်း လူချစ်လူခင် မများတတ်ကြပါ။ ထိုအချက်သည် နှုတ်ထွက် စကားကြမ်းခြင်း၊ ငါ့စကား ငါ့နွားရ ပြောတတ် ခြင်း၊ တို့ကြောင့် ဖြစ်ရလေသည်။
ထို့ပြင် (၃)ကြွင်းဖွားများသည် ယှဉ်ပြိုင်လိုစိတ်၊ အတိုက်အခံပြုလိုစိတ် အလွန်ကြီးမားကြသူများ ဖြစ်ခြင်းကြောင့် များသော အားဖြင့် ရန်သူပေါများလေ့ ရှိတတ်ကြသည်။ မိမိအား ကွယ်ရာတွင် အပုပ်ချသူ ပေါများတတ်သည်။
(၃)ကြွင်းဖွားမျာသည် ကျန်းမာရေးအနေဖြင့် ခံတွင်း နှင့် သွားရောဂါများ၊ လေနာ ရင်ဘတ်နာခြင်းအောင့်ခြင်း၊ ခြေထောက် ပိုင်းတွင် ထိခိုက်မှုဖြစ်ခြင်း၊ မျက်လုံးထိခိုက်ခြင်း၊ တိမ်စွဲခြင်း များကြောင့် မျက်လုံးခွဲစိတ်ခံရခြင်း၊ ခရီးသွားစဉ် ထိခိုက်မှုဖြစ်ခြင်း၊ အဆုတ်နာ ဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းများကို အထူးသတိ ထားရမည်။ (၃)ကြွင်းဖွားများသည် ဘ၀တွင် အကြီးစား ခွဲစိတ် ကုသမှုများ ခံရရန် အလားအလာ အလွန်များသည်။
(၃)ကြွင်းဖွားများအနေဖြင့် ဘဝတွင် အောင်မြင်လိုလျှင် နှုတ်ထွက်ကြမ်းခြင်း ၊ ရန်လိုခြင်း၊ အတိုက်အခံပြုခြင်းများကို ရှောင်ရှား သင့်လှပေသည်။ ထို့ပြင်အလုပ်စွဲ ရောဂါမဖြစ်အောင် သတိထား နေထိုင်ခြင်း၊ အပန်းဖြေအနားယူခြင်း၊ စကားများများ ပြောဆိုမှုမှ ရှောင်ရှားခြင်း၊ မိမိဒေါသကို ထိန်းသိမ်းခြင်း၊ တရားထိုင်ခြင်း၊ အေးချမ်းတိတ်ဆိတ်သော သဘာဝ ပတ်ဝန်းကျင် ရှိရာဒေသများသို့ သွားရောက် နေထိုင်ခြင်းများကို ပြုလုပ်သင့်သည်။
နောက်ဆုံးအချက်အနေဖြင့် (၃) ကြွင်းဖွားများသည် ဘဝတွင် လိင်ကိစ္စကို အလွန်အကျွံ လိုက်စားခြင်းကြောင့် ဘဝပျက်ခြင်း၊ ကျန်းမာရေး ဆုံးရှုံးခြင်း၊ လူမှုရေးသိက္ခာကျခြင်းများ အလွန် ဖြစ်လွယ်ကြသည်ကို အထူးသတိပြုသင့်ကြပေသည်။
ကမ္ဘာကျော်တဲ့ (၃)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – ဗြိတိသျှ ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ ၊ ဂျပန်နိုင်ငံဘုရင်မင်းမြတ် ဟီရိုဟီတို ၊ ပါကစ္စတန် သမ္မတဟောင်း ပါဖက် မူရှာရက်ဖ် ၊ တရုပ်ဖြူ ခေါင်းဆောင် ချန်ကေရှိတ် ၊ ကမ္ဘာကျော် သိပ္ပံ နှင့် ပန်းချီပညာရှင် မိုက်ကယ်အိန်ဂျယ်လို ၊ ရူပဗေဒ ဓာတုဗေဒ နက္ခတ္တဗေဒ စွယ်စုံရ ပညာရှင် ဆာ အိုက်ဇက် နယူတန် ၊ ဟေလီကြယ်တံခွန်ကို တွေ့ရှိခဲ့သူ နက္ခတ္တပညာရှင် အက်ဒမွန် ဟေလီ ၊ အင်ဒိုနီးရှား သမ္မတဟောင်း ဆူကာနို FBI ဖခင်ကြီး ဂျေ အက်ဒဂါ ဟူးဗား၊ နိုဘယ်ဆုရ သိပ္ပံပညာရှင် ဂျွန်စတိန်းဘတ် ၊ ဟောလီးဝုဒ် မင်းသားကြီး ဂရေဂို ရီပတ် ၊ ပါလက်စတိုင်း ခေါင်းဆောင်  ယာဆာ အာရာဖတ် ၊ အင်္ဂလန်နိုင်ငံ အက်ဒ၀ပ် မင်းသား ။ ချက်နိုင်ငံ ပထမဆုံး သမ္မတ စာပေပညာရှင် ဗားကလက် ဟေဗယ် ၊ ဆွံ့အ နားမကြားသော်လည်း ပါရဂူဘွဲ့ကြီးများကို ယူနိုင်သူ ဟယ်လင်ကဲလား ၊ ဆိုဗီယက် အာဏာရှင်ဟောင်း နီကီတာ ကရူးရှက်ဗ် ၊ ညှို့မင်းသမီး ရှယ်ရွန် စတုံး ၊ အမေရိကန် စစ်ဦးစီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကောလင်း ပါဝယ် ၊ ဘောလုံးစတားများ ဖြစ်ကြတဲ့ ဖရန့် လမ်းပတ် ၊ ဟယ်ရီ ကီးဝဲလ် ၊ ဟောလီးဝုဒ် မင်းသားများဖြစ်ကြတဲ့ ကာ့တ် ရပ်ဆဲ ၊  ရောဘတ် ဒီနီရို ၊ အလက် ဘော်ဒွင် ၊ ကွန်ပျူတာထုတ်လုပ်မှုနံပါတ်တစ်ဖြစ်တဲ့ DELL ကို တည်ထောင်သူ မိုက်ကယ် ဒဲလ် ၊ အမေရိကန် သမ္မတလောင်း အဖြစ် အိုဘားမား နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့သူ ဂျွန်မက်ကိန်း ၊ မိုနာကို မင်းသမီးကြီး ဂရေ့စ် ကယ်လီ ၊ အမေရိကန် စတိုးဆိုင်များ ပိုင်ရှင် ဂျွန်ဝါနာမိတ်ကား ၊ အမေရိကန် နိုင်ငံရေး ဗိသုကာကြီး ဘင်ဂျမင် ဖရင်ကလင် ၊ ကာတွန်းပညာရှင် ဝေါ့ဒစ္စနေးလ် ၊ အင်္ဂလိပ် တွေးခေါ်မျှော်မြင်ရေး ပညာရှင်ကြီး ဝေါ့လ်ဒို အီမာဆင် ၊ သိပ္ပံ စာရေးဆရာကြီး အိတ်ခ်ျ ဂျီ ၀ဲလ် တို့ဖြစ်ကြပါတယ်။
.
Credit - ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

(၂)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ၀ိသေသလက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၂)ဖြစ်ပါက (၂)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်ကို မသိပါက ကိုယ်မွေး သော ခရစ်ခုနှစ်ထဲမှ (၆၃၈) ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရပါသည်။ အကယ်၍ ကိုယ့် မွေးရက် မွေးလသည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်လျှင် (၁)တိုးပြီး (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်းမွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။
(၂)ကြွင်းဖွားများသည် ခန့်ငြားပေါ်လွင်သော ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ် သည်။ များသောအားဖြင့် အရပ်အမောင်းမြင့်မားပြီး မျက်လုံးအကြည့် စူးရှ တောက်ပြောင် သည်။ လူချစ်လူခင်များတတ်ပြီး အပေါင်း အသင်း မိတ်ဆွေ ပေါများတတ်သည်။ မိမိ မိတ်ဆွေအပေါင်းအသင်းများပေါ်တွင် အလွန်အနစ်နာ ခံပြီး ပေါင်းသင်းတတ် လေသည်။
(၂)ကြွင်းဖွားများသည် လူတိုင်းအတွက် အပေါင်းအဖော်ကောင်း၊ မိတ်ကောင်းဆွေကောင်းများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့သည် ခေါင်းမာသည်။ တစ်ယူသန်ဆန်သည်။ သူတစ်ပါး၏ အကြံပြုချက်များကို လက်မခံတတ်ဘဲ မိမိအယူအဆကိုသာ ရှေ့တန်းတင် လိုကြသူများဖြစ်ကြသည်။ မိမိလုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည်။ တတ်သိနားလည်သူတို့၏ အကြံပေးချက်ကို လိုက်နာမှုမရှိဘဲ မိမိအယူအဆအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်မှုကြောင့် ဘဝတွင် ဆုံးရှုံးမှု နှင့် အမှားများ မကြာခဏ ကြုံရတတ်သည်။ မိမိအပေါ် လွှမ်းမိုးမှုကို မကြိုက်သော်လည်း သူတစ်ပါး အပေါ်တွင်လည်း အလွန်အကျွံ လွှမ်းမိုးလိုစိတ် မရှိတတ်ကြ။ မိမိအပေါ် အလွန်အကျွံ လွှမ်းမိုးလာလျှင်လည်း ခေါင်းငုံ့ ခံတတ်ကြသူများမဟုတ်ဘဲ တော်လှန် တတ်ကြသူများဖြစ်ကြသည်။ ယေဘူယျအားဖြင့် မျှတသော စိတ်ထား ရှိတတ်သည်။ သူတစ်ပါး၏ အခက်အခဲကို ကူညီတတ်သည်။ တာဝန်သိတတ်စိတ်ရှိသည်။ ဝတ်စားဆင်ယင်မှုများ၌ ခေတ်နှင့် ဆီလျှော်သည်ဖြစ်စေ၊မဖြစ်စေ မိမိနှစ်သက် သလို ဝတ်ဆင်တတ်သည်။ သူတပါး၏ ဝေဖန်မှု၊ ကဲ့ရဲ့မှုများကို ဂရုမစိုက်တတ်ကြပေ။
(၂)ကြွင်းသမားများသည် ဘာသာရေးကို လုံးဝမယုံကြည်သူများ (သို့) အလွန်အမင်းယုံကြည်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ဘာသာရေးတွင် မဇ္ဈိမကျသော (အလယ်အလတ်လမ်းထက်) နှစ်ဘက်အစွန်းသို့ ရောက် လွယ်ကြသူများ လည်းဖြစ်ကြသည်။
သူတို့သည် သဘာဝအားဖြင့် ဉာဏ်ပညာ ထက်မြက်ကြသူများဖြစ်ပြီး I.Q Level မြင့်မားကြသူ များဟု ခေါ်ဆိုနိုင်သည်။ အတတ်ပညာမျိုးစုံကို အလွယ်တကူ သင်ကြားတတ်မြောက်နိုင်စွမ်းရှိကြသည်။ နားလည် သဘောပေါက်ရန် လွယ်ကူကြသူများ ဖြစ်ကြသည်။ ထို့ပြင် (၂)ကြွင်းသမားများသည် Will Power မြင့်မားတတ်ကြပြီး မိမိ ကိုယ်ကို အလွန်အမင်း ယုံကြည်တတ်ကြ သူများလည်း ဖြစ်တတ်ကြသည်။
(၂) ကြွင်းသမားများ၏ အားနည်းချက်များမှာ တစ်ဖက်သားအပေါ် ယုံကြည်လွယ်ခြင်း၊ အားနာတတ်ခြင်း၊ အပေါင်းအသင်း စုံလင်လွန်းသောကြောင့် အပျော်အပါးများလွန်းပြီး မိမိလုပ်ငန်းဆောင်တာများ လစ်ဟင်းခြင်း၊ အကြီးအကဲ၊ တတ်သိနားလည် သူများ၏ အကြံပြုချက်များကို မနာယူဘဲ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး (Over Confident) ဖြစ်ကာ တဇွတ်ထိုး လုပ်မှုကြောင့် စီးပွားပျက်ခြင်း၊ ဒုက္ခမျိုးစုံတွေ့ရခြင်း၊ မူးယစ်ဆေး နှင့် အရက် အလွန်အကျွံ စွဲတတ်ခြင်း များပင်ဖြစ်သည်။
(၂)ကြွင်းသမားများသည် အိမ်ထောင်ရေးသုခ နည်းတတ်သည်။ အိမ်ထောင်ပြုမှားတတ်ကြသည်။ အိမ်ထောင်ပြုပြီးပြီးခြင်း နောင်တကြီးစွာ ရသော သူများကို (၂)ကြွင်းသမားများတွင် အများဆုံးတွေ့ရတတ်သည်။ များသောအားဖြင့် အိမ်ထောင်ဘက် ကို အားမကိုးရတတ်ချေ။ မိန်းမဖြစ်လျှင် စီးပွားဥစ္စာ မရှာနိုင်သော ယောင်္ကျားမျိုးကိုရတတ်ပြီး ယောင်္ကျား ဖြစ်လျှင် အိမ်ထောင်ကို စီမံခန့်ခွဲမှု အားနည်းသော မိန်းမမျိုးကို ရတတ်သည်။ (၂)ကြွင်းသမား များသည်  မိမိအိမ်ထောင်ဘက် အပေါ်တွင် မည်သည့်အခါမှ စိတ်တိုင်းကျနိုင်သည် ဟူ၍ မရှိလှချေ။
(၂)ကြွင်းဖွားများသည် ယေဘူယျ ကျန်းမာရေး ကောင်းလှသည်ဟု မဆိုနိုင်ချေ။ များသောအားဖြင့် ကျန်းမာရေး အားနည်း တတ်သည်။ ဦးနှောက် နှင့် အာရုံကြောရောဂါများ ဖြစ်ပွားလွယ်သည်။ အသည်းရောဂါ နှင့် နှလုံးရောဂါဖြစ်ရန် အလွန် နီးစပ် သည်။ အာရုံခံစားမှုအင်္ဂါများ ပျက်စီးလွယ်တတ်သည်။ အသက်ကြီးလျှင် မှတ်ဉာဏ် အားနည်း တတ်သည်။ မတော်တဆ ထိခိုက်မှုများ ဖြစ်လွယ်သည်။
(၂)ကြွင်းဖွားများအနေဖြင့် ဘဝတွင် အောင်မြင်လိုလျှင် ခေါင်းမာခြင်း၊ တစ်ယူသန်ဆန်ခြင်းများကို ချိုးနှိမ်ပြီး တတ်သိ နားလည် သူများ၏ အကြံပေးချက်များကို လိုက်နာခြင်း၊ ကျွမ်းကျင်သူများနှင့် အတူပူးတွဲဖက်စပ်လုပ်ကိုင် သင့်သည်။ ထို့ပြင် အပေါင်း အသင်းများခြင်း၊ အပျော်အပါးများခြင်း များကို လျော့ပေါ့သင့်သည်။ မူးယစ်ဆေး နှင့် အရက်သုံးစွဲမှုများကို လျော့သင့်သည်။ သို့မဟုတ်ပါက (၂)ကြွင်းဖွားများသည် အရည်အချင်းရှိပါလျှက်နှင့် မအောင်မြင် သူများအဖြစ် သတ်မှတ် ခံရတတ်သည်။
ကမ္ဘာကျော် (၂)ကြွင်းဖွားများရဲ့ စာရင်းကတော့ – အမေရိကန် သန်းကြွယ်သူဌေးကြီး ပီးယားပွန့် မော်ဂန် ၊ နာဇီခေါင်းဆောင် များဖြစ်ကြသော ဟိန်းနရစ်ခ်ျ ဟင်းမလား ၊ ဂိုးအားရင်း ၊ တရုပ်ပြည် ပဒေသရာဇ် တော်လှန်ရေးခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင် ၊ ဖိလစ်ပိုင် သမ္မတဟောင်း ရာမွန် မက်ဆေးဆေး၊ အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတို ၊ ဟောလီးဝုဒ် မင်းသားကြီး ဂျွန်ဝိန်း၊ ဆိုဗီယက် KGB အကြီးအကဲဟောင်း ယူရီ အင်ဒရိုပေါ့ဗ်၊ အစ္စရေးနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယံ၊ ဂျော်ဒန်ဘုရင် ဟူစိန် ၊ အီရန် ဘာသာရေးခေါင်းဆောင် ရာဟိုလာ ခိုမေနီ ၊ ဂျာမန် နက္ခတ်ပညာရှင် ကတ်ပလာ၊ အမေရိကန် အဆိုကျော် မင်းသမီး ဂျနီဖာ လိုပက်ဇ် ၊ ဟောင်ကောင် အက်ရှင်မင်းသားကျော် ဂျက်လီ ၊ ဟောလီးဝုဒ် မင်းသား ဘရက်ပဒ်၊ မင်းသမီး ဘရစ်ဂျစ် ဖောင်ဒါ ၊ မော်ဒယ် ကလော်ဒီယာ ရှက်ဖာ ၊  ဘောလုံးစတားများ ဖြစ်ကြတဲ့ ၀ီလီယံ ဂါးလက်စ် ၊ ဒီဒီရာ ဒရော့ဘာ ၊ အာဆင်နယ် ဆရာကြီး အာစင် ၀င်းဂါး ၊ ဟောလီးဝုဒ် မင်းသားများဖြစ်ကြတဲ့ မင်းသားကြီး ဟယ်ရစ်ဆင် ဖို့ဒ် ၊  နီကိုးလပ်စ် ကေ့ခ်ျ ၊ ရစ်ချတ် ဂီးရ် ၊ ရပ်ဆဲ ခရိုဝီ ၊ တွမ်ဟန့်ခ် ၊ ကမ္ဘာကျော် Intel ကုမ္ပဏီကို တည်ထောင်သူ ဂေါ်ဒင် အီးမိုးရ် ၊ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် ၊ တော်လှန်ရေး ပြောက်ကျားခေါင်းဆောင် ချေဂွေဗားရား ၊ လူမည်းခေါင်းဆောင် မာတင်လူသာကင်း ၊ အစ္စရေး ၀န်ကြီးချုပ် ဟောင်း ရစ်ဇက် ရာဘင် ၊ အတွေးအခေါ် နှင့် သဘာဝဓမ္မ စာရေးဆရာကြီး သောမတ်စ် ကာလိုင်း ၊ “မောဂ္ဂလိ” ကို ဖန်ဆင်းသူ ဗြိတိသျှ စာရေးဆရာကြီး ရုယာ့ဒ် ကစ်ပလင်း ၊ ဒုတိယ ကမ္ဘာစစ် မဟာမိတ် တပ်ပေါင်းစု စစ်သေနာပတိချုပ် မက်အာသာ ၊ ကွန်မြူနစ် တရုတ်နိုင်ငံကို တည်ထောင်သူ ခေါင်းဆောင်ကြီး မော်စီတုန်း ၊ လေရူးသုန်သုန် ၀တ္တုနဲ့ ကမ္ဘာကျော်ခဲ့သူ စာရေးဆရာမ မာဂရက် မစ်ချယ် ၊ ကမ္ဘာကျော် ပြဇာတ် စာရေးဆရာကြီး ၀ီလီယံ ရှိတ်စပီးယား ၊ စာရေး ဆရာကြီး အလက်ဇန်းဒါး ဒူးမား ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၊ အခု ခေတ်စားနေတဲ့ အီရန် သမ္မတ အာမက် ဒီနီဂျက် တို့ဘဲ ဖြစ်ကြပါတယ်။
.
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

(၁)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ၀ိသေသလက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၁) ဖြစ်ပါက (၁)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ(၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရရှိပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈) ဂဏန်းကို နုတ်ရပါမယ်။
(၁)ကြွင်းဖွားများသည် ရုပ်ပိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ပုံစံမျိုး ရှိတတ်သည်။ ကိုယ်ခန္ဓာသည် လေးဒေါင့်ဆန်ပြီး ကျယ်ပြန့်သော ပုခုံးပြင်များ၊ အနည်းငယ် တိုတောင်းဟန်ရှိသော ခြေတန် လက်တန်များ ရှိတတ်သည်။ အသားအရေ ကြမ်းတမ်းတတ်သည်။ (အကယ်၍ ကိုယ်ခန္ဓာ ပိန်ပါးလျှင် ကျန်းမာရေး မကောင်းတတ်ပါ) စကားပြောလျှင် အသံကို ကျယ်လောင်စွာ ပြောတတ်သည် (Tone မြင့်သည်)။ စကားကို ကွေ့ဝိုက် မပြောတတ်ဘဲ လိုရင်း တိုရှင်း ပြောတတ်သည်။ စကားပြော တိုတောင်းသည်။ မာန်မာနကြီးသည်။ သည်းခံစိတ်နည်းပါးသည်။ မိမိအမှားကို ဝန်ခံရန် ဝန်လေးတတ်သည်။ သူတပါးကို အောက်ကြို့လိုစိတ်မရှိ။ အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်လိုသည်။ သူတစ်ပါး ဝင်ရောက် စွက်ဖက်သည်ကို မကြိုက်တတ်ပါ။
လိမ္မာပါးနပ်မှု အလွန် နည်းပြီး စကားပြောရာတွင် (အထူးသဖြင့် သူတစ်ပါး၏ အပြစ်ကိုဖော်ထုတ်ရာတွင်) ပရိယာယ်သုံး၍ မပြောတတ်ခြင်းကြောင့် လူချစ်လူခင်နည်းတတ်သည်။ အချို့(၁)ကြွင်းဖွား များသည် သူတစ်ပါးအပေါ် အလွန်လွှမ်းမိုး လိုစိတ်ရှိတတ်သည်။ အထူးသဖြင့် မိမိအိမ်ထောင်ဘက် အပေါ်တွင် အလွန်အနိုင်ယူတတ်သည်။ မိမိအိမ်ထောင်ဘက် ကို အလွန်ချစ်မြတ်နိုးတတ်သော်လည်း လွှမ်းမိုးလိုစိတ် အမြဲရှိသည်။ အိမ်ထောင်ရေးတွင် သူ့ဖက် ကိုယ့်ဖက် မျှတသော စိတ်မရှိသောကြောင့် အိမ်ထောင်ရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားတတ်သည်။
(၁)ကြွင်းဖွားများသည် လူအုပ်စု၊ အဖွဲ့အစည်း၊ အသင်းအပင်းများနှင့် ဆက်နွယ်နေသော လုပ်ငန်းများနှင့် အကျိုးမပေးတတ်ချေ။ ဖက်စပ်၊ ရှယ်ယာ လုပ်ငန်းများ အကျိုးမပေးတတ်ပါ။ ဘဝတွင် ဖက်စပ်လုပ်ကိုင်ခြင်း၊ ရှယ်ယာ ထည့်ဝင်ခြင်း လုပ်ငန်းများမှ မကြာခဏ လိမ်လည်ခံရတတ်သည်။ လူမှုဆက်ဆံရေးနှင့် ဆိုင်သောလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများထက် ကိုယ်တိုင်တီထွင်ဖန်တီးလုပ်ကိုင် ရသော ပညာရှင်အလုပ်များ၊ ကိုယ်တိုင် ကျွမ်းကျင်မှုဖြင့် လုပ်ရသော လုပ်ငန်းများဖြင့်သာ အကျိုးပေးနိုင်သည်။ စီမံခန့်ခွဲမှုပိုင်း အားနည်းတတ်သည်။ အများနှင့် စုပေါင်းလုပ်ကိုင် ရသော လုပ်ငန်းများထက် မိမိကိုယ်တိုင်လုပ်ကိုင် ရသော လုပ်ငန်းများဖြင့်သာ အသက်မွေးခြင်းသည် ပိုမိုကောင်းမွန်သည်။ ဝန်ထမ်း၊ လခစားလုပ်ငန်းများ အကျိုးပြုမှု အလွန်နည်းတတ်ပါသည်။ လက်အောက်ငယ်သား အကျိုးပေးသည်။ ဝန်ထမ်းကောင်း၊ တပည့်ကောင်းများ နှင့် ကြုံဆုံ တတ်သည်။ (၁)ကြွင်းဖွားများသည် ယေဘူယျ ကျန်းမာရေး ကောင်းမွန်သော သူများ ဖြစ်ကြသည်။
ကျန်းမာရေးနှင့် ပတ်သက်ပြီး လေနာရောဂါများ၊ လိပ်ခေါင်းရောဂါ၊ ပန်းနာရင်ကြပ်ခြင်း၊ အစာအိမ်ရောဂါ၊ သည်းခြေရောဂါ နှင့် ဝမ်းဗိုက် တွင် ခွဲစိတ်ခံရခြင်း၊ ကင်ဆာကဲ့သို့သော အကြိတ်အဖုရောဂါများ၊ အဆုတ်ရောဂါများ ဖြစ်တတ်သည်။
(၁)ကြွင်းဖွားများအနေဖြင့် ဘဝတွင် အောင်မြင်လိုလျှင် လူအများနှင့် အဆင်ပြေအောင် ပေါင်းသင်းတတ်ရန် လိုသည်။ သည်းခံစိတ်မွေးရမည်။ စကားကို လိမ္မာပါးနပ်စွာ ပြောဆိုတတ်ရမည်။ မိမိကိုယ်ကို အားကိုးသင့်သည်။ အတတ်ပညာရှင်၊ အသိပညာရှင် ၊ အနုပညာရှင် လုပ်ငန်းများဖြင့် အကျိုးပေးနိုင်သည်။ အစုရှယ်ယာ၊ စပ်တူလုပ်ငန်း များ မလုပ်သင့်ပါ။ ဆရာမမွေးပါနှင့်။ ဆရာမွေးလျှင် ဆရာပျက်စီးသောအခါ မိမိပါအတူ လိုက်ပါ ပျက်စီးတတ်သည်။ ဆရာသမား၊ အပေါင်းအသင်း အကျိုးမပေးသော်လည်း တပည့်တပန်း အကျိုးပေးမှုများသည်။ မိမိဘဝတွင် တပည့်ကောင်းများကြောင့် ဘဝအခြေအနေ တိုးတက်မြင့်မားတတ်သည်။ လိမ်ညာပြောဆိုမှုများ၊ လှည့်ဖြားမှုများကို ရှောင်ရှားပါ။ မိမိစိတ်ထဲတွင် ခံစားရချက်များအတိုင်း နှုတ်မှ ဖွင့်ဟပြောဆို တတ်မှုများကြောင့် လူချစ်လူခင်မများတတ်ဘဲ အသက်ကြီးသောအခါ သားသမီး၊ အိမ်ထောင်ဘက်၊ တပည့်လက်သား၊ အားလုံးက (ရွံကြောက်ကြီး ဖြစ်ကာ) အပစ်ပယ်ခံ အထီးကျန်ဘဝမျိုး ရောက်ရှိတတ်သည်ကို အထူးသတိပြုပါ။
ကမ္ဘာကျော် (၁)ကြွင်းသမားများကတော့ – အမေရိကန် နိုင်ငံကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန်၊ ဂျာမန်အတွေးအခေါ်ပညာရှင် အီမန်နျူယယ် ကန့်၊ မိုနာလီဇာအပြုံးပန်းချီကားကို ရေးဆွဲခဲ့သူ လီယိုနာ ဒိုဒါဗင်ချီ၊ နေကို ကမ္ဘာက ပတ်တယ်ဆိုတာကို ဖော်ထုတ်ခဲ့တဲ့ နက္ခတ်ပညာရင် ကော့ပါးနီးကပ်စ်၊ နက္ခတ်တာရာကြည့် မှန်ပြောင်းကို တီထွင်ခဲ့သူ ဂလီလီယို၊ ယူရေးနပ်ဂြိုဟ်ကို စတင်တွေ့ရှိခဲ့သူ နက္ခတ်ပညာရှင် ၀ီလီယံ ဟာရှဲလ်၊ စပိန်အာဏာရှင် ဖရန်စစ္စကို ဖရန်ကို၊ အစ္စရေး ၀န်ကြီးချုပ်ဟောင်း မီနာချန် ဘီဂင်၊ နိုဘယ်ဆုရှင် စာရေးဆရာကြီး အဲလ်ဘတ်ကမျူး၊ ဟောလီဝုဒ် အော်စကာဆုများပိုင်ရှင် မင်းသမီး ဂျိုဒီဖော်စတာ၊ ညှို့မင်းသမီးကြီး ဘရစ်ဂျစ် ဘားဒေါ့၊ ဆိုဗီယက်အကြီးအကဲဟောင်း လီယိုနစ် ဘရက်ဇညက်၊ ဒါရိုက်တာကြီး အယ်လ်ဖရက် ဟစ်ခ်ျကော့၊ ဘက်စကတ်ဘော ချန်ပီယံ မိုက်ကယ်ဂျော်ဒန်၊ ဂေါ့ဒ် ဖားသား စာရေးဆရာကြီး မာရီယို ပူဇို၊ ဂျိမ်းစ်ဘွန်းမင်းသား ရော်ဂျာမိုး၊ အက်ရှင်မင်းသား တွမ်ခရုစ်၊ ဟောင်ကောင် အက်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်၊ ဟောလီးဝုဒ် မင်းသမီးချော ကက်သရင်း ဇီတာဂျုန်း၊ ဂျာမန် ဂိုးသမား ယန်းလေးမန်း၊ ဘောလုံးစတားတွေဖြစ်တဲ့ ရော်ဘင် ဗန်ပါစီ၊ အဒီဘာယော၊ ရှက်ဗ်ချင်ကို၊ နာမည်ကျော် ဘောလုံးနည်းပြ ဂျိုဆေး မော်ရင်ဟို၊ မန်ချက်စတာ ယူနိုက်တတ် ဆရာကြီး ဆာ အလက်စ် ဖာဂူဆန်၊ ဟောလီးဝုဒ် ဒါရိုက်တာ မင်းသား မဲလ်ဂစ်ဘ်ဆင်Ghost ဇာတ်ကားနဲ့ နာမည် ကျော်ခဲ့တဲ့ မင်းသမီး ဒန်မီမိုးရ်၊ အမေရိကန် သမ္မတကြီး အေဘရာဟမ် လင်ကွန်း၊ နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟင်းမင်းဝေး၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ (၂)၊ အဆိုကျော် မင်းသား အဲဗစ် ပရက်စလေ၊ ကျောက်ရောဂါ ကာကွယ်ဆေး တီထွင်ခဲ့သူ လူးဝစ် ပါလ်ချာ၊ အင်္ဂလန်နိုင်ငံ ထီးနန်းမွေခံ ချားလ်စ်မင်းသား၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မိုဟာမက် အလီSONY ကော်ပိုရေးရှင်းကြီးရဲ့ ဖခင် မိုရိတ အကီယို၊ ဟောလီးဝုဒ် မင်းသမီးအကျော်အမော်ဖြစ်ခဲ့တဲ့ ဆိုဖီယာ လော့ရင့်၊  အီဗော်လူးရှင်းသီအိုရီကို တင်ပြခဲ့တဲ့ သိပ္ပံပညာရှင်ကြီး ချားလ်စ် ဒါဝင် Micro Soft ကို တည်ထောင်သူ ဘီလ်ဂိတ် တို့ ဖြစ်ကြပါတယ်။
ကျန်အကြွင်းဖွားများအကြောင်း ဆက်လက်ဖော်ပြပါမည်။
Credit - ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

အဲကွန်းအခန်းထဲတွင် ဖယောင်းတိုင် မထွန်းမိပါစေနဲ့


"အန္တရာယ်ရှိသည် ”
ဘယ်တော့မှ အဲကွန်းအခန်းထဲတွင် ဖယောင်းတိုင် မထွန်းမိပါစေနဲ့နီးစပ်ရာ အသိပေး မျှဝေပါ။

အဲယားကွန်းအခန်းထဲဖယောင်းတိုင်မီးမထွန်းကြပါနဲ့သင့်အသက်သေစေနိုင်တယ်။ ( ဥပမာ ဘုရားခန်းအတွင်း အဲယားကွန်းဖွင့်ထားပြီး ဖယောင်းတိုင် မီးပူဇော်တာမျိုး )
အဲယားကွန်းအခန်းတွေဟာပြင်ပမှလေများမ၀င်ရောက်နိုင်စေရန်အတွက်လေအလုံပိတ်
ထားပြီးမှထိုအခန်ထဲရှိလေများကိုအေးလာစေရန်လှည့်ပတ်အအေးခံသောစနစ်ပင်ဖြစ်သည်။

ထိုကြောင့်အဲယားကွန်းအခန်းထဲရှိနေထိုင်သောသက်ရှိလူသားသည်အခန်းထဲရှိအောက်စီ
ဂျင်ကိုကိုမှီခိုအားထားနေရသည်။ထိုကဲ့သို့အောက်စီဂျင်လုံလုံလောက်လောက်ပြင်မမှာကဲ့
သို့မရနိုင်သောအဲယားကွန်းအခန်းထဲတွင်ဖယောင်းတိုင်ထွန်းထားမယ်ဆိုရင်ဖယောင်းတိုင်
မီးဇာကိုလောင်ကျွမ်းဖို့အတွက်အခန်းထဲရှိအောက်စီဂျင်ကိုဖယောင်းတိုင်မှစုတ်ယူသွားနိုင်
ပြီးမီးဇာမှထွက်လာတဲ့ကာဗွန်မိုနော့ဆိုက်တွေဟာအခန်းထဲမှာလျှင်မြန်စွာပြန့်နှံ့လွယ်ကူ
စေပါတယ်။ကာဗွန်မိုနော့ဆိုက်ဟာအခန်းထဲရှိလူအတွက်အလွန်ကိုကြောက်မက်ဘွယ်
ကောင်းတဲ့အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။အကြာကြီးရှူမိရင်မူးဝေလာပြီးအသက်ဆုံးရှုံးနိုင်
ဘွယ်ဖြစ်ပါတယ်။ထိုကြောင့်အဲယားကွန်းအခန်းတွင်းတွင်အောက်စီဂျင်အလွယ်တကူကုန်
ဆုံးနိုင်သောဖယောင်းတိုင်မီးမထွန်းကြဖို့သတိပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

ရေအကြောင်းသိကောင်းစရာ (၈)ချက်


အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ (၇၀)ရာခိုက်နှုန်းကရေနဲ့ဖွဲ့စည်းထားတယ်ဆိုတာသင်သိပါသလား။ ဒါ့အပြင် ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ (၇၀)ရာခိုင်နှုန်းကိုလည်း ရေတွေနဲ့ဖုံးလွှမ်းထားပါတယ်။ ဒါပေမယ့် ဒီရေတွေအားလုံးထဲကမှ (၁.၁)ရာခိုင်နှုန်းကသာ သောက်သုံးဖို့ သင့်တော်ပါတယ်...

ကျွန်မတို့တွေက သန့်စင်တဲ့ရေကိုသောက်သုံးနေကြပေမယ့် ကမ္ဘာကြီးရဲ့အခြားနေရာတွေမှာတော့ မသောက်သုံးနိုင်ကြပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ လူသန်းပေါင်း (၇၈၀)လောက်က သန့်စင်တဲ့ရေကို မရရှိနိုင်ကြပါဘူး။ နှစ်စဉ်နှစ်တိုင်း လူ (၃)သန်းကျော်ဟာ ရေကြောင့်ဖြစ်ပွားသော ရောဂါများကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ဒါလေးတွေက တော်တော်ကို စဉ်းစားစရာ အချက်လေးတွေပါ။ ယခုအနေနဲ့တော့ ရေနဲ့ပတ်သက်လို့ တစ်ခါမှမကြားဖူးခဲ့တဲ့ သိကောင်းစရာလေး (၈)ချက်ကို ဖော်ပြသွားမှဖြစ်ပါတယ်။

၁။       ရေသောက်ခြင်းကြောင့် အရက်မူးစေနိုင်ပါတယ်။

ရေကသွေးထဲမှာရှိတဲ့ ဆိုဒီယံ (sodium)ရဲ့အာနိသင်ကိုလျော့နည်းစေပါတယ်။ ရေအများကြီးကို မြန်မြန်သောက်ခြင်းကြောင့် ဦးနှောက်လုပ်ဆောင်မှုတွေ ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ပြသတဲ့ လက္ခဏာတွေက အရက်မူးနေချိန်ပြသသော လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။

၂။       အစာလိုအပ်တာထက်ပိုပြီးရေကိုလိုအပ်ပါတယ်။

လေ့လာစမ်းသပ်မှုတွေအရအစာမရှိဘဲတစ်လလောက် ကျွန်မတို့အသက်ရှင်နိုင်ပါတယ်တဲ့။ ဒါပေမယ့် ရေမရှိရင်တော့ တစ်ပတ်တောင် အသက်ရှင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် သန့်စင်တဲ့ရေဆိုတာလူတွေအသက်ရှင်ဖို့အတွက် လုံးဝမရှိမဖြစ်ပါပဲ။

၃။       ပူနေတဲ့ရေဟာအေးနေတဲ့ရေထက်ပိုပြီးခဲလွယ်ပါတယ်။

တချို့အခြေအနေတွေမှာရေနွေးဟာရေအေးထက်ပိုပြီး မြန်မြန်ခဲလွယ်ပါတယ်။ ကျောင်းသားတစ်ဦးဖြစ်တဲ့ အီရက်စတိုဘီမန်ဘာ (ErastoB.Mpemba) ကစမ်းသပ် သက်သေပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီတွေ့ရှိမှုကိုအခုဆိုရင် (Mpemba effect) လို့သိရပါတယ်။

၎။       ရေဓာတ်ခမ်းခြောက်ဖို့ကလွယ်ကူပါတယ်။

ခန္ဓာကိုယ်ထဲမှရှိတဲ့ရေ (၂)ရာခိုင်နှုန်းလျော့နည်းသွားရုံနဲ့ စိတ်နဲ့ခန္ဓာကိုယ်၏ လုပ်ဆောင်မှုတွေ (၂၀)ရာခိုနှုန်းကျဆင်းသွားမှာ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို ရှောင်ကြဉ်ဖို့ အရွယ်ရောက်ပြီး သာမန်လူတစ်ယောက်ဟာ တစ်ရက်ကို ရေ(၈)ခွက် (၂-၃ လီတာ) သောက်ဖို့ လိုအပ်ပါတယ်။

၅။       ရေငတ်ခြင်းကြောင့် စိတ်ကျရောဂါနှင့် ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ကျွန်မတို့ ခန္ဓာကိုယ်မှာရေဓာတ် (၁)ရာခိုင်နှုန်းခမ်းခြောက်ပြီဆိုမှ ရေဆာရေငတ်ခြင်းဖြစ်စဉ် စတင်မှာဖြစ်ပါတယ်။ ထို့နောက် အနည်းငယ်စိတ်ဓာတ်ကျဆင်းလာပြီးပင်ပန်းနွမ်းနယ်လာမှာဖြစ်ပါတယ်။ အေးမြကြည်လင်သော ရေတစ်ခွက်လေးဟာ တစ်ခါတစ်ရံ သင်ပင်ပန်းနွမ်းနွယ်တာကို ပျောက်ကင်းသက်သာ စေနိုင်စွမ်းရှိပါတယ်။

၆။      ကမ္ဘာပေါ်မှာရှိတဲ့ သန့်စင်သောရေအများစုဟာမြေအောက်ကြမ်းပြင်မှာပါ။

သောက်သုံးလို့ရတဲ့ရေအများစုကိုမြေအောက်မှာတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုအံ့သြစရာကောင်းတဲ့အချက်ကတော့ ကျွန်မတို့ယနေ့သောက်သုံးနေတဲ့ ရေဟာလွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်ရှိခဲ့သောရေဖြစ်ပါတယ်။ ကမ္ဘာကြီးက ကျွန်မတို့အတွက် ရေကိုပြန်လည်သန့်စင်ပေးတဲ့အတွက် ကျွန်မတို့မနက်အိပ်ယာထတိုင်းသောတဲ့ရေတစ်ခွက်က အရင်တစ်ခါက သူတစ်ပါးသောက်ခဲ့ ဘူးတဲ့ရေဖြစ်နိုင်ပါတယ်။

၇။      ရေကအခဲ၊ အရည်နဲ့ အငွေ့ အဖြစ်တည်ရှိနိုင်ပါတယ်။

အရာဝတ္ထုပစ္စည်းတွေဆိုတာ အရည်၊ အခဲ၊ အငွေ့ စတဲ့အခြေအနေပုံစံသုံးမျိုးနဲ့ တည်ရှိနိုင်ပါတယ်။ ဒါပေမယ့် အရာဝတ္ထုတစ်ခုတည်းက ဒီပုံစံသုံးမျိုးလုံးနဲ့ သဘာဝအတိုင်းတည်ရှိနေနိုင်တာကတော့ ရေပဲဖြစ်ပါတယ်။ ရေကိုရေ၊ ရေငွေ့နဲ့ ရေခဲပုံစံများနဲ့ တွေ့နိုင်ပါတယ်။

၈။     ရေကကျန်းမာရေးအတွက် အကောင်းဆုံးအားဆေးတစ်ခွက်ပါပဲ။

ရေကို ကျွန်မတို့ စားသောက်နေကြတဲ့ အစားအစာတွေ၊ အသီးအနှံတွေ အဖျော်ယမကာတွေကနေလည်းရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေမှာပါတဲ့ရေဟာဆားဓာတ်၊ ကဖိန်းဓာတ်စသဖြင့် ပါဝင်နေကြပါတယ်။ ဒါတွေကရေရဲ့ကောင်းကျိုးတွေကိုတားဆီးကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် တစ်ရက်ကိုရေ(၈)ခွက်သောက်သုံးရာမှာတစ်ခြားဘယ်အရည်ကိုမှ အစားထိုးလို့မရပါဘူး။
Credit - ဖိုးသူတော် (www.phothutaw.com)

ဗိုက်ပူလို့ စိတ်ညစ်နေသလား

အမျိုးသမီး အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။

အဆင့် (၁) လေ့ကျင့်ခန်း
ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်း ပြင်ပေါ်လေးဖက်ထောက် အ နေအထားမျိုး နေပါ။ လက်နှစ်ဖက် အ ကွာအဝေးက ပခုံးတွေထက် အနည်း ငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့် ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့် ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန် နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။

တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါး တွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချ ထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင် လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံး နဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါ မယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့် နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာ ပါတယ်။ ကော်တီစောဟော်မုန်း မြင့် တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။

အဆင့် (၃) အစားအစာ
ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ် ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရို တင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါ တယ်။ လိုက်နာသင့်တဲ့ အစာစားနည်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာ ကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီး ဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက် ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေ ရှစ်ဖန်ခွက်ခန့် သောက်ပါ။

အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ် ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေ လွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီ များများလည်း လောင်ကျွမ်းစေနိုင်ပါ တယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာ ဗိုက်ပြည့် နေစေပါတယ်။

အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံ လွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေး ငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။


Credit - ဖိုးသူတော်(www.phothutaw.com)

လက်သည်းအလှ ပြုပြင်ခြင်း နောက်ကွယ်မှ အန္တရာယ်များ


ဒီနေ့ခေတ် လက်သည်းအလှပြုပြင်တဲ့ ပုံစံတွေက နည်းပညာမြင့် အဆင်ဒီဇိုင်းတွေကို သုံးလာကြပါတယ်။ လက်သည်း ကြာကြာလှနေစေဖို့ ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ပြုပြင်တာမျိုးတောင် ရှိလာပါတယ်။ ဒီလို ပြုပြင်မှုတွေကြောင့် လက်သည်း ကြွပ်ဆတ်တာ၊ အားနည်းတာနဲ့ ပိုးဝင်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းအလှ ပြုပြင်တဲ့အခါ ထိခိုက်မှုနည်းပြီး အန္တရာယ်ကင်းအောင် ထိန်းသိမ်းနိုင်မယ့် အချက်တွေကို အကြံပြုလိုက်ပါတယ်။

လက်သည်းအလှပြုပြင်သူက အကောင်းဆုံး အရည်အချင်းရှိသူလား
လက်သည်း အလှပြုပြင်သူအများစုက ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် လက်သည်းကို တံစဉ်းတိုက်တဲ့အခါ၊ လက်သည်း တစ်ခုလုံးကို ဖြူဖွေးအောင် ပွတ်တိုက်တဲ့အခါနဲ့ လက်သည်းဆိုးဆေး အဟောင်းတွေကို ချွန်မြတဲ့ ကိရိယာနဲ့ ဖယ်ရှားတဲ့အခါ နည်းစနစ် မကျတာတွေကြောင့် လက်သည်းတွေ အားပျော့လာနိုင်ပါတယ်။ “ဒီလိုအခါမျိုးမှာ လက်သည်းတွေကို ကြမ်းကြမ်းတမ်းတမ်း ပြုမူနေပြီ ဆိုတာကို လက်သည်းအလှပြင်တဲ့သူကို ပြောပြသင့်ပါတယ်။ တကယ်လို့ အေဆိုက်ကလစ် ဆေးခြယ်တဲ့အခါ လက်သည်း ပြင်တဲ့သူတွေက လက်သည်းကို ကြေးချွတ်ပစ်တတ်တာကြောင့် လက်သည်းက ပိုမိုကြမ်းတမ်း သွားတတ်ပါတယ်” လို့ ယူကေမှ ဆမ်မန်သာက ဆိုပါတယ်။

လက်သည်းကိုပဲ အန္တရာယ်ဖြစ်စေမှာလား
တချို့ လက်သည်းဖျက်ဆေး ဒါမှမဟုတ် လက်သည်းကပ်ဆေးတွေက မျက်ဝန်းတစ်ဝိုက်ကို ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ “လက်သည်း ဖျက်ဆေးနဲ့ ဓာတ်မတည့်မှုကြောင့် မျက်ဝန်းတစ်ဝိုက် ယားယံတဲ့ အဖတ်တွေ ကွာလာတတ်ပါတယ်။ ဒါက အဲဒီလက်သည်းနဲ့ မျက်လုံးကို သွားထိမိရာက ဓာတ်မတည့်စေတဲ့ အရာတွေ ကူးစက်သွားပြီး ပါးလွှာတဲ့ မျက်ဝန်းအရေပြားထဲ ဝင်လွယ်စေလို့ပါ” လို့ အရေပြားအထူးကုဆရာဝန် ဒေါက်တာတာမာရာက ဆိုပါတယ်။ ပျမ်းမျှအားဖြင့် လူတွေက ကိုယ့်မျက်လုံးကို အကြိမ် ၂၀ လောက် ပွတ်သပ် ထိတွေ့တတ်တာကြောင့် လက်သည်းဖျက်ဆေး၊ အရောင်တင်ဆေးတွေ သုံးတဲ့အခါ ဓာတ်မတည့်မှုနည်းပါးတဲ့ နူးညံ့တဲ့ ဖော်မြူလာကိုပဲ သုံးသင့်ပါတယ်။

  ရေရှည်ခံတဲ့ လက်သည်းပြုပြင်နည်းတွေကို ရှောင်သင့်သလား
ဂျဲလ်နဲ့ လက်သည်းပြုပြင်တာက သဘာဝကျကျ တောက်ပြောင်မှုရှိတာကြောင့် အခုနောက်ပိုင်း ရေပန်းစားလာပါတယ်။ ဒါပေမဲ့ လက်သည်းကို ဂျဲလ် (Gel) နဲ့ ဆိုးပြီးချိန်မှာ လက်သည်းတွေက အားနည်းလာပါတယ်။ လက်သည်းကို ဂျဲလ်နဲ့ ခပ်ထူထူဆိုးပြီးချိန်မှာ အရောင်ပါတဲ့ ဂျဲလ်တွေက အခဲလိုက် ဖြစ်သွားတဲ့အတွက် ဖယ်ရှားချိန်မှာ လက်သည်းအားနည်းထိခိုက်မှု များတတ်ပါတယ်။ “ဂျဲလ်သုတ်ထားတဲ့ လက်သည်းတွေကို သန့်စင်တဲ့အခါ ထိခိုက်မှုက သိသာပြီး ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်” လို့ အရေပြားအထူးကု ဆရာဝန် ဒေါက်တာဂရစ်ဖစ်က ဆိုပါတယ်။ ဒီအချိန်မှာ အန္တရာယ်ကင်းကင်း ဖယ်ရှားနိုင်ဖို့အတွက် အဆီတုန်းပါတဲ့ လက်သည်း ဖျက်ဆေးကို ၁၀ မိနစ် လောက် လိမ်းပေးပါ။ ဒါဆိုရင် လွယ်လင့်တကူ ဆေးတွေကို ပျက်စေနိုင်ပါတယ်။ အဆီတုန်းက လက်သည်းနဲ့ လက်ချောင်းတွေကို ဖြူဖွေးစေပေမယ့် ဒီအာနိသင်က ယာယီပဲဖြစ်ပြီး အန္တရာယ်ကင်းပါတယ်။

လက်သည်းဆိုးဆေး ဂျဲလ်တွေကို ခရမ်းလွန်ရောင်ခြည်သုံးပြီး ကပ်တာ အရေပြားကင်ဆာ ဖြစ်စေနိုင်သလား
ခရမ်းလွန်ရောင်ခြည် သုံးတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ အမေရိကန် အရေပြားအထူးကု အကယ်ဒမီ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လက်သည်းတွေကို ပြုပြင်ရာမှာတော့ အလင်းရောင်ပဲ ပေးတာဖြစ်လို့ အန္တရာယ် သိပ်မရှိဘူးလို့ ပြုပြင်သူတွေက ဆိုပါတယ်။ “ဒီမေးခွန်းကို ဖြေဖို့ခက်ပါတယ်။ ဒါပေမဲ့ လက်သည်းတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ မပြုပြင်ခင်မှာ လက်သည်းထိပ်နဲ့ လက်ချောင်းတွေကို နေကာခရင်မ် အရင်လိမ်းသင့်ပါတယ်” လို့ အရေပြား အထူးကုဆရာဝန် ဒေါက်တာအန်တန်က အကြံပြုထားပါတယ်။

လက်သည်းပန်းကုံးတွေကို လက်သည်းပြုပြင်သူက ဖယ်ရှားရင် လက်ခံသင့်သလား
လက်သည်း ပန်းကုံးတွေကို မလှီးဖြတ်သင့်ပါဘူး။ ဒီပါးလွှာတဲ့ အရေပြားဟာ လက်ချောင်းနဲ့ လက်သည်းကြားက ရေစိုခံတဲ့ တိပ်လိုပါပဲ။ ဒါလေးကို အနှောင့်အယှက် ပေးလိုက်ရင် အစိုဓာတ်အနည်းငယ်က လက်သည်းအတွင်းထဲမှာ ဒါမှမဟုတ် အရေပြားအောက်မှာ စုပုံသွားပြီး နာကျင်ကာ မကြာခဏပြန်ဖြစ်တဲ့ ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းတွင်း တာရှည်ပိုးဝင် ရောင်ရမ်း နာကျင်တာဟာ လက်သည်းကြီးထွားလာတာနဲ့အမျှ လက်သည်းကြမ်းပြင်ပေါ်မှာ ပုံမမှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ လက်သည်းကြီးထွားလာအောင် လက်သည်းပန်းကုံးတွေကို နောက်ဘက်တွန်းပို့လိုတယ်ဆိုရင် ရေထဲမှာ စိမ်ပြီး နူးညံ့အောင် အရင်ထားပါ။ ပြီးမှ ညင်ညင်သာသာ နောက်ကို ပို့ပေးပါ။

လက်သည်း အရောင်တင်ဆီထဲက ဓာတုပစ္စည်းတွေက အန္တရာယ်ကင်းရဲ့လား
  ဖော်မယ်ဒီဟိုက် (Formal de hyde) နဲ့ တော်လူး (Toluene) တွေက အန္တရာယ်ကင်းပြီး အလှကုန်ပစ္စည်းအဖြစ် တရားဝင် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တခြားပါဝင်ပစ္စည်းဖြစ်တဲ့ DBP (Di-butyl phthalate) ကိုတော့ လက်သည်းအရောင်တင်ဆီမှာ ထည့်သုံးပေမယ့် ဥရောပမှာ ၂၀၀၅ ကတည်းက တားမြစ်ခဲ့ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ လက်သည်း ကူးစက်ပိုး ဝင်တတ်ပါသလဲ
လက်သည်း ပန်းကုံးတွေကို လှီးဖြတ်တာက ဖန်းဂတ်စ်မှိုပိုး ဝင်စေနိုင်ပေမယ့် လက်သည်းမှာဖြစ်တာ ရှားပါတယ်။ ခြေသည်းမှာ အဖြစ်ပိုများပါတယ်။ အကြောင်းကတော့ စိုစွတ်နွေးထွေးတဲ့ အခြေအနေမှာ ဖန်းဂပ်စ်မှို စွဲနိုင်ခြေများလို့ပါ။ လက်သည်းတွေဆိုတာ တစ်သျှူးသေတွေ ဖြစ်ပါတယ်။ လက်သည်းအရောင်တင်ဆီကြောင့် ထိခိုက်သွားတယ်ဆိုရင် ခဏလောက် အနားပေးလိုက်တာနဲ့ အသစ်ပြန်ထွက်လာပါလိမ့်မယ်။ ဒါပေမဲ့ ခြေသည်းကတော့ ခြောက်လခန့်ကြာမှ အသစ်ပြန်ဖြစ်ပါတယ်။

လက်သည်း ကျန်းမာအောင် ဘယ်လိုလုပ်သင့်သလဲ
တချို့လူတွေရဲ့ လက်သည်းတွေက ကြွပ်ဆတ်နေပြီး အလွှာအထပ်လိုက် ဖြစ်နေတယ်ဆိုရင် စာရိုက်တာနဲ့ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်လိမ်းခရင်မ်လိမ်းပြီး လက်သည်းတွေ ထိခိုက်ဒဏ်ရာ မရအောင် ပုံမှန် လှီးဖြတ်ပါ။ လက်သည်းတစ်ပြင်လုံး ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။


Credit - ဖိုးသူတော်(www.phothutaw.com)

မျက်စိမှုန်သူများ၊ အားနည်းသူများ မျက်စိပြန်လည်ကောင်းစေတဲ့နည်းများ

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။

ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။

ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။

ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

Credit - ဖိုးသူတော် (www.phothutaw.com)

ရင်သားကင်ဆာကို ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများ


အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက် ရပါတယ်။
(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိပ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။ ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

Credit : ဖိုးသူတော်(www.phothutaw.com)

ယောက်ကျားလေးများအတွက် ( သီးသန့်) ဗေဒင် (ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ)

မန်မာ သက္ကရာဇ်ကို ၄ နဲ့မြှောက် မြောက်လို့ရတဲ့ အဖြေကို ၇ နဲ့ စား

အကြွင်းကို အောက်မှာ ဖတ်ပါ။

[မြန်မာမွေးသက္ကရာဇ်ရှာနည်း -မွေးနှစ်ခရစ်နှစ်ထဲက(April 16 ရက် မကျော်လျှင်)- ၆၃၉ ကိုနှုတ်ပါ= မွေးနေ့ မြန်မာသက္ကရာဇ်ရမည် ၊ မွေးနှစ် ခရစ်နှစ်ထဲက (April 16 ရက်ကျော်လျှင်)- ၆၃၈ နှုတ်ပါ = မြန်မာသက္ကရာဇ်ရမည်]

(အကြွင်း ၇ ဆိုလျှင် အကြွင်း ၀ဟောကိန်း နှင့် အတူတူဖြစ်သည်၊

အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊

အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

အကြွင်း( 1 )

ရခဲ့ရင်တော့လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။

ကိုယ်ရမဲ့မိန်းကလေးကအပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။

အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။

ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။

ကိုယ်ပိုင်အစွမ်း အစနဲ့ နေနိုင်တဲ့သူ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့

တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။

ခေတ်မီပေမဲ့ ခေတ် မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့

ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့

ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း( 2 )

ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။

ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။

ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။

သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။

သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။

အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။

အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။

အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင်

အထင်ခံရလိမ့်မယ်နော်။

အကြွင်း( 3 )

ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ဆွေကြီးမျိုးကြီးထဲကဖြစ်ဖြစ်၊ မြင့်မြတ်သော

အမျိုးအနွယ် ကဖြစ်ဖြစ် ဒီလို မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလည် ကပေါ့။

တော်တော်မာနကြီးမှာ။ စိတ်ကြီး ခေါင်းမာ ပညာတတ် နှလုံးသားချိုသောလည်း ဘုဂွပြောတတ်ပြီး တော် ရုံတန်ရုံကို

အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီးကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ၊

တခုတော့ပြောမယ် ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊

ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တဲ့ ၀ါသနာတော့ရှိတယ်။

သူနဲ့အိမ်ထောင်ကျပြီးအပေါင်းအသင်း ငယ်မိတ်ဆွေတွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တော် ရန်ဖြစ်မှာ။ ။

ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့်ဘ၀မှာ ထူးခြားတဲ့ တိုးတက်မူတွေရရှိမှာ။

သူ့ကြောင့်ပဲ တိုးတက်မှုတွေရ လာလိမ့်မယ်။ သူကလဲကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။

ကွယ်ရာမှ သူငယ်ချင်းတွေ မိန်းမကြောက်လို့ ပြောရင်တော့ ခံပေတော့ ။

ဒါပေမယ့် အောင်မြင် တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း( 4 )

ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။

အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီးကိုယ့်ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။

လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။

ဘ၀အတွေ့အကြုံနည်းပြီးဘ၀ကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။

သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။

အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။

မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်းရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။

အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။

သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊

အပြင်အလုပ်ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။

မိန်းမရကံကောင်းပါတယ်။

အကြွင်း( 5 )

ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ေ ဟာ့ရှော့လို့ပြောရမလား၊

အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။

ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား

လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။

လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊

သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။

သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။

ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊

ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။

သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း( 6 )

ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။

တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းလို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။

သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။

မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။

ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ် လိမ့်မယ်။

သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။

နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။

အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။

သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။

သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း( 0 )

ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။

ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။

အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။

ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။

အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။

သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊

ကိုယ့်အပေါ်မှာမိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။

ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။

ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။

ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။

(အကြွင်း ၇ ဆိုလျှင် အကြွင်း ၀ဟောကိန်း နှင့် အတူတူဖြစ်သည်၊ အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊ အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

ဖိုးသူတော် (www.phothutaw.com)

သင့်အလုပ်က သင့်ကို ဖြည်းဖြည်းချင်းညှင်းသတ်နေတဲ့ နည်းလမ်း ( ၆ )မျိုး

သင်ဟာ အလုပ်လုပ်ဖို့ အသက်ရှင်နေတာပဲဖြစ်ဖြစ် အသက်ရှင်နေဖို့အလုပ်လုပ်နေရတာပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သတ်ပြီး ထိတ်လန့်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။

၁။ အလုပ်ကသင့်ကို နာမကျန်းဖြစ်စေပါတယ်။

National Science Foundation ရဲ့လေ့လာမှုတစ်ခုမှာ အမေရိကန်နိုင်ငံသားတွေရဲ့ ၂၆ ရာခိုင်နှုန်းက နာမကျန်းဖြစ်နေချိန်မှာ အလုပ်သွားပြီး အခြား ၃၄ ရာခိုင်နှုန်းကတော့ သူတို့အိမ်မှာနေဖို့မဆုံးဖြတ်ခင် သူတို့ရဲ့ရောဂါလက္ခဏာတွေရဲ့ သက်ရောက်မှုအပြည့်ကို မခံစားရခင်အထိ စောင့်နေတတ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရ့ပါတယ်။ ရုံးတွေဟာ ဘက်တီးရီးယားပိုးတွေ (ဘက်တီးရီးယားအမျိုးပေါင်း ၅၀၀ ကျော်) ရှိရုံသာမက နာမကျန်းဖြစ်နေတဲ့ တစ်ခုံထဲထိုင်တဲ့လုပ်ဖေါ်ကိုင်ဖက်ကလည်း အိမ်ကိုစောစောမပြန်ခင် နောက်ဆုံးမိနစ်အထိေ စာင့်ရင်စောင့်နေပါလိမ့်မယ်။

သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ The Environmental Protection Agency (EPA) ဟာ နာမကျန်းဖြစ်စေတဲ့အဆောက်အဦးဝိသေသ နဲ့ပတ်သတ်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အလုပ်သမားတွေ သူတို့ရဲ့ ထပ်တူကျတဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မောပမ်းနွမ်းနယ်မှု၊ မူးဝေအော့အန်မှုတွေဖြစ်ပေမယ့် တိကျတဲ့နာမကျန်းဖြစ်မှုကို အမည်မဖေါ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အနည်းဆုံးတော့ သင်တို့အားလုံးဆန်းကျယ်ပြီးတူညီတဲ့ နာမကျန်းမှုနဲ့ ကြုံတွေ့တဲ့အခါမှာ ရုံးတွင်းပေါင်းသင်းဆက်ဆံရေးပိုမိုတိုးတက်လာနိုင်ပါတယ်။

၂။ အလုပ်က သင့်ကို ၀လာစေပါတယ်။

ပြုလုပ်နေဆဲဖြစ်တဲ့ သြစတျေးလျလေ့လာမှုတစ်ခုအရ တစ်နေ့တာအတွင်း မသက်မသာနဲ့ နာရီပေါင်းများစွာထိုင်နေတာဟာ သင့်ရဲ့ခန္ဓာကိုယ်အတွင်းဓာတ်ပြောင်းလဲဖွဲ့စည်းမှုတွေကို သက်ရောက်မှုရှိပါတယ်။ တစ်နည်းနဲ့ပြောရမယ်ဆိုရင် သင်ထိုင်နေတုန်းမှာ ကယ်လိုရီတွေက လျော့ပြီးလောင်ကျွမ်းနေတာဖြစ်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တွေတက်စေတဲ့အပြင် အခြားကျန်းမာရေးဆိုင်ရာ ပြသနာတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေပိုဖြစ်စေနိုင်ပါတယ်။ ပျမ်းမျှ သေဆုံးနိုင် ခြေကိုလည်းမြင့်တက်စေပါတယ်။ တစ်နေ့ကိုခြောက်နာရီထက်ပိုပြီးထိုင်တဲ့ အမျိုးသမီးတွေဟာ တစ်နေ့ကို တစ်နာရီအောက်ထိုင်တဲ့ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့်ပိုပါတယ်။

၃။ အလုပ်ကသင့်ရဲ့ နောက်ကျော၊ ပုခုံးတွေနဲ့ လည်ပင်းတွေကို နာကျင်စေပါတယ်။

တခြားတစ်ဖက်ခြမ်းမှာလည်း တစ်နေ့တာလုံး မတ်တပ်ရပ်နေတာကလဲ တော်တော်လေးဆိုးဝါးပါတယ်။ ကာလကြာရှည် မတ်တပ်ရပ်နေရတဲ့သူတွေဟာ ညံ့ဖြင်းတဲ့ သွေးလည်ပါတ်မှု နဲ့ခြေလက်ရောင်ရမ်းမှု တွေကိုပိုပြီးဖြစ်နိုင်ခြေရှိပြီး ထိုင်ပြီးအလုပ်လုပ်ရတဲ့ လူတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ နောက်ကျောနာကျင်မှုဖြစ်နိုင်ခြေ နှစ်ဆပိုပြီးရှိပါတယ်။ ဒါပေမယ့် ကျွန်ပျူတာရှေ့မှာ ရှေ့ကိုကုန်းပြီးထိုင်နေခြင်းဟာ နာတာရှည် နောက်ကျော၊  လည်ပင်းနဲ့ လက်ကောက်ဝတ် ပြသနာတွေကိုဖြစ်စေမှာဖြစ်ပါတယ်။

၎။ အလုပ်က သင့်ရဲ့မျက်လုံးကို ဖျက်ဆီးနေပါတယ်။

ကွန်ပျူတာကိုအကြာကြီး ကြည့်ရှုလို့ဖြစ်တဲ့ ယာယီအခြေအနေတွေ Computer Vision Sundrome (CVS) အကြောင်း သင်ကြားဖူးပါသလား။  ဒါဟာ ကွန်ပျူတာအကြာကြီး သုံးစွဲတဲ့ အတွက် ဖြစ်လာနိုင်တဲ့ပြသနာတွေကို ဖေါ်ပြဖို့အတွက် အစီအစဉ်မကျမှုတစ်ခုဖြစ်ပါတယ်။ အဲဒီ့ ရောဂါလက္ခဏာတွေကတော့ နာကျင်စရာကောင်းတဲ့ မျက်စိအစိုဓာတ်ခြောက်ခန်းမှု၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနဲ့ ပခုံးနာကျင်မှုနဲ့ အမြင်အာရုံေ၀၀ါးမှုတွေ ပါဝင်ပါတယ်။ ကောင်းတာတစ်ခုကတော့ အဲဒါတွေက ယာယီပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ကွန်ပျူတာမဟုတ်တဲ့ အခြားတစ်နေရာကို အနည်းဆုံး တစ်နာရီတစ်ခါလောက်တော့ ကြည့်ပေးသင့်ပါတယ်။

 ၅။ သင့်အလုပ်က သင့်ကို စိတ်ဖိဆီးမှုတွေပေးနေပါတယ်။

အမေရိကန်စိတ်ပညာအဖွဲ့အစည်း American Psychological Association (APA) ကပြုလုပ်တဲ့ ပြည်လုံးကျွတ် စစ်တမ်းတစ်ခုအရ အမေရိကန်တွေရဲ့လေးပုံသုံးပုံဟာ စိတ်ဖိဆီးမှုရဲ့အဓိကအရင်းအမြစ်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေကြရပါတယ်။ စိတ်ဖိစီးမှုဒဏ်ခံရဖူးတဲ့ သူတွေထဲက အတော်များများဟာ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်မှု၊ အော့အံမှုနဲ့ ဒေါသထွက်ခြင်းလို စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေကိုလည်း  ကြုံတွေ့ခံစားဖူးကြောင်း APA အဖွဲ့က ဆိုပါတယ်။ အဲဒီ့စစ်တမ်းရဲ့ တစ်ဝက်ကျော်က သူတို့ရဲ့ထုတ်လုပ်မှုစွမ်းဆောင်ရေးအပေါ်လည်း မကောင်းတဲ့ သက်ရောက်မှုတွေ ရှိကြောင်းဆိုပါတယ်။

၆။ သင့်ရဲ့ကြင်ဖေါ်နဲ့ဆက်ဆံရေးကိုလည်း ပျက်ပြားစေပါတယ်။

APA ရဲ့အဲဒီ့စစ်တမ်းအရ အမျိုးသမီးတွေရဲ့ ၆၁ ရာခိုင်နှုန်းက သူတို့ရဲ့ ဖိဆီးမှုများတဲ့ အလုပ်တွေက သူတို့ရဲ့ ရုံးပြင်ပ အချစ်ရေးကိစ္စတွေမှာ မကောင်းတဲ့ သက်ရောက်မှုတွေရှိတယ်လို့ပြောပါတယ်။ အမျိုးသားတွေရဲ့ ၇၉ ရာခိုင်နှုန်းကတော့ အလားတူဖေါ်ပြခဲ့ကြပါတယ်။

Credit - ဖိုးသူတော် (www.phothutaw.com)

Saturday, June 14, 2014

အစာအိမ်ထဲမှာ ဟာနေသောအချိန်တွင် မစားသင့်၊မသောက်သင့်သော အစားအစာများ

နွားနို့ ၊ ပဲနို့ရည်

နွားနို့နှင့်ပဲနို့ရည်တွင် အသားဓာတ်အများဆုံးပါဝင်တာမို့ ဗိုက်ထဲမှာအစာမရှိ
တဲ့အချိန်သောက်လျှင် အာပာာရမတိုးနိင်ပါ ။
အကောင်းဆုံး က မုန့်ပဲသရေဇာ၊ ပေါင်မုန့် အစရှိသောအစားအစာများနှင့်
အတူစား သောက်ပါ ။
ထမင်းစားပြီး နှစ်နာရီ (သို့) အိပ်ရာမဝင်ခင် အချိန်မှာသောက်ပါ ။

★ ဒိန်ချဉ်
ဗိုက်ထဲမှာအစာမရှိတဲ့အချိန်သောက်လျှင် အကျိုးအာနိသင်ကိုလျှော့စေတယ် ။
ထမင်းစားပြီး နှစ်နာရီ (သို့) အိပ်ရာမဝင်ခင် အချိန်မှာသောက်ပါ ။
ဒါမှအစာခြေချက်ခြင်းကိုအထောက်အကူပြုတဲ့အပြင် လေလယ် ဝမ်းသွားစေတဲ့
အကျိုးသက်ရောက်မှုရှိပါတယ် ။

★ အရက်
အရက်ကအစာအိမ်အမှေးပါး ကိုနိုးဆွပေးတာမို့ အစာအိမ်ရောင်ခြင်း ၊ အစာအိမ်ပြည်တည်ခြင်း တို့ဖြစ်စေတယ် ။ ဗိုက်ထဲမှာအစာမရှိတဲ့အခါ သွေးချိုက
နိမ့်တာမို့အရက်သောက်လိုက်တဲ့အခါ ကိုယ်ခန္ဓာမှာသွေးချိုကျတတ်တာကြောင့်
့ ဦးနှောက်က ဂလူးကိုးစ် ပေးပို့တာကိုမရတာမို့ ခေါင်းမူး ၊ရင်တုန် ၊ ချွေးစီးထွက်ခြင်း ၊
ဆာလောင်ခြင်း ၊ ပိုဆိုးပါက သွေးချို နိမ့်ကျ မေ့မြောခြင်း (hypoglycemia coma) ဖြစ်တတ်ပါတယ် ။

★ သကြား
သကြားက အစာခြေချက်ရာတွင် အလွယ်တကူ စုပ်ယူနိင်တဲ့အစာဖြစ်တယ် ။ ဗိုက်ထဲမှာအစာမရှိ တဲ့အချိန်သကြားများများစားမိလျှင် ခန္ဓာကိုယ်က
အင်ဆူလင် ကို သွေးချိုပုံမှန် အချိန်တိုတိုအတွင်းမှာစိမ့်မထွက်နိင်တာမို့
သွေးထဲမှသွေးချိုက မြင့်တက်လာသောကြောင့် မျက်လုံးနှင့်ပတ်သက်သောရောဂါ အလွယ်တကူ ရနိင်ပါတယ် ။
သကြားကအက်စစ် အမျိုးအစားအစားအစာဖြစ်တာမို့ဗိုက်ထဲမှာအစာမရှိ
တဲ့အခါ စားမိလျှင်သကြားက ခန္ဓာကိုယ်ထဲမှအက်စစ်နှင့်အဏုဇီဝရုပ်
ညီမျှမှုကိုပျက်စီးစေသောကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ် ။

★ ရေနွေးကြမ်း (လက်ဖက်ရည်)
ရေနွေးကြမ်းက ဝမ်းတွင်းရှိအက်စစ် အာနိသင်ကိုလျှော့စေတာမို့
အစာခြေချက်ခြင်းအလုပ်ကိုလျှော့စေတယ် ။ ဒိအပြင် ရင်တုန်၊ ခေါင်းမူး၊ ခေါင်းကိုက် ၊အားပျှော့ခြင်း တို့ဖြစ်{ လက်ဖက်ရည်မူး } တတ်ပါတယ် ။

★ တည်သီး ၊ ခရမ်းချဉ်သီး
သစ်သီးယိုတို့ကိုခဲစေသောဒြပ် ၊ အက်စစ် များစွာပါဝင်တာမို့
အစာအိမ်ထဲမှာကျောက်တည်တတ်ပါတယ် ။

★ ပောာသွန်း ဆူးသီး ၊ လိမ္မော်သီး
အက်စစ် အများဆုံးပါတာမို့ဗိုက်ထဲမှာအစာမရှိတဲ့အခါ စားလျှင်
အစာအိမ်အမှေးပါးများကိုနိုးဆွပေးခြင်းကြောင့် ဗိုက်လေပွခြင်း ၊
လေတက်ခြင်း ၊ အက်စစ်သဘာဝအချဉ်ရေများအန်ခြင်းတို့ဖြစ်တတ်တယ် ။

★ ငှက်ပျောသီး
ငှက်ပျောသီး တွင်မဂ္ဂနီဆီယမ် များပါဝင်ပြီး တာမို့ဗိုက်ထဲတွင်အစားမရှိတဲ့အခါ
စားလျှင်မဂ္ဂနီဆီယမ်မြင့်တက်လာပြီး ခန္ဓာကိုယ်သွေးထဲမှ မဂ္ဂနီဆီယမ် ၊
ကယ်လဆီယမ် ညီမျှခြင်းကို ပျက်စီးစေတာမို့
နှလုံးသွေးပြန်ကြောများလည်ပတ်မှုကိုပာန့်တားစေပါတယ် ။

★ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ထဲတွင် Allicin ပါဝင်တာမို့ဗိုက်ထဲတွင်အစာမရှိတဲ့အခါစားလျှင်
အစာအမှေးပါးနှင့်အူနံရံကိုနိုးဆွပေးတာမို့ အစာအိမ် အကြောဆွဲခြင်း ၊
လေထိုးလေအောင့်နာဖြစ်တတ်ပါတယ် ။

★ ကန်စွန်းဥ
သဘာဝဆိုးဆေးနှင့်အစေးများပါတာမို့ အစာအိမ်ကိုနိုးဆွပေးပြီး
အက်စစ်များကိုထုတ်လွတ်တာကြောင့် ရင်ပူသလိုခံစားရတယ် ။

★ နာနတ်သီး
နာနတ်သီးတွင်အင်ဇိုင်းဓာတ်များပါဝင်တာမို့ဗိုက်ထဲမှာအစာမရှိပဲ
နာနတ်သီးစားရင် အစာအိမ်ကိုထိခိုက်နိင်ပါတယ် ။
ထမင်းစားပြီးမှစားလျှင်အကောင်းဆုံးပါ ။

★ အေးခဲသော အအေး အစားအစာများ
အစာအိမ်ထဲမှာအစာမရှိတဲ့အခါ အအေးစာများစားမိလျှင် အစာအိမ်
အကြောဆွဲတတ်ခြင်း ၊ ဓမ္မတာ ကစဉ့်ကလျားဖြစ်တတ်ပါတယ် ။

★ ဗီတာမင်
အစာအိမ်ထဲတွင်အစာမရှိပဲဗီတာမင်စားလျှင်ခန္ဓာကိုယ်ကအချိန်မှီမစုပ်ယူနိင်ခင် မစင်ကနေစွန့်ထုတ်လိုက်ပါတယ် ။ ဥပမာ ဗီတာမင်အေအစရှိသောfat-soluble vitamins တွေက အဆီထဲမှာပျော်ဝင်နိင်မှ အစာအိမ်ကဆုပ်ယူနိင်တာကြောင့် ထမင်းစားပြီးမှစားလျှင် ခန္ဓာကိုယ်က အားလုံးကိုဆုပ်ယူနိင်မည်ဖြစ်တယ် ။

*** ဗိုက်ထဲတွင်အစာမရှိပဲရေချိုးလျှင် သွေးချိုနိမ့်ကျမှုကြောင့် မေ့မြောတတ်ပါတယ် ။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့…..
ဝမ်းဗိုက်ထဲမှာအစာမရှိရင် မစားသင့်မသောက်သင့်တဲ့အစားအစာများအမည်တွေ
ပဲ တိုတိုတုတ်တုတ်ရေးပေးလို့ရပေးမယ့် ဘာကြောင့်လဲဆိုတာကိုပါ ရှင်းပြထားတာမို့
စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်ပါတယ် ။
မျှဝေပေးခြင်းကမင်္ဂလာတစ်ပါးဖြစ်တာမို့တူသောအကျိုးများကိုရရှိနိင်ကြပါစေ ။
သူငယ်ချင်းများအားလုံးကျန်းမာပါစေ~~~
Credit - ဖိုးသူတော် (www.phothutaw.com)

မိုဘိုင်းဖုန်းနဲ့ ကျန်းမာရေး

အရာရာတိုင်းက ကောင်းတဲ့ သက်ရောက်မူ ရှိသလို တစ်ခြားတစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ ရှိနေတာကတော့
ရှောင်လွဲမရတဲ့ သဘာဝတစ်ခုပါပဲ။ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ ဆက်သွယ်ရေးကဏ္ဍ တစ်ရပ်အနေနဲ့ မိုဘိုင်းဖုန်းတွေအသုံးပြုမူ ကြောက်ခမန်း လိလိ တိုးတက်လာမူရဲ့နောက်မှာ လူသားတွေအပေါ် မိုဘိုင်းဖုန်းတွေရဲ့ ဆိုးကျိုးသက်ရောက်မူကို အဖြေရှာဖို့ အများသောလူသားတွေရဲ့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

သင့်ရော မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည် ဆိုးကျိုးအကြောင်းကို စိတ်ဝင်စားပါသလား။ ဖုန်းတွေရှိ မိုက်ခရိုလ်ဝေ့နှုန်းထဲမှာ လျှပ်စစ်သံလိုက် Radiation တွေကိုသုံးထားတဲ့အတွက် ဒါဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်လို့ တစ်ချို့တွေက ယုံကြည်နေ ကြပါတယ်။ ဒီလိုထင်မြင်မူတွေကြားမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အချက်အလက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

မိုဘိုင်းဖုန်းတွေဟာ ရေရှည်အသုံးမူမှာ လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စနိင်ပါတယ်။ နောက်ပြီး မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေနိင်တယ်ဆိုတာပါပဲ။ နိင်ငံတကာ ကင်ဆာဖောင်ဒေါ်ရှင်းရဲ့ သတ်မှတ်ချက်အရ မိုဘိုင်းဖုန်းဓာတ် ရောင်ခြည်သင့်မူ ကြောင့်ဖြစ်ပွားစေတဲ့ ကင်ဆာရဲ့ အဆင့်ဟာ 2B carcinogens ဖြစ်ပါတယ်။
 
နောက်ထပ်လေ့လာမူတွေအရဦးနှောက်အမြှေးပါးယောင်ရောဂါနဲ့ပါးဖောင်းကင်ဆာတွေဖြစ်ပွားနိင်ခြေရှိတယ်လို့သိရပါတယ်။ အခြား အသုံးများရင် အဖြစ်များမှာကတော့ မှတ်ဥာဏ်လျော့နည်းလာတတ်ခြင်း၊ အကြားအာရုံကြောပြသနာ၊ မျက်စိပြသနာစတဲ့ ဖုန်းနဲ့ အနီးကပ်ဆုံး လူခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ထိခိုက်စေနိင်ပါတယ်။ ရောဂါဆိုလို သိပ်လည်း မကြောင့်ကြသွားပါနဲ့။ ဒါကို ကျန်းမာရေး သတိပေးတဲ့အနေနဲ့ ရေးလိုက်တာ ဖြစ်ပါတယ်။

ယခုလို ဖြစ်ပွားနိင်ခြေ တွေရှိတဲ့ အတွက် ဒီလိုအသိတွေရှိပြီး ဆင်ခြေမယ်ဆို တော်ကာကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းပြောစရာရှိရင် အဆင်ပြေရင် မိုဘိုင်းဖုန်းနဲ့ ခေါ်မယ်အစား ရိုးရိုးအိမ် လက်ကိုင်ဖုန်းကိုအသုံးပြုပါ။ တကယ်လို့ မိုဘိုင်းဖုန်းနဲ့ခေါ်မယ်ဆိုရင်လည်း နားနဲ့မကပ်ပဲ ပြောကြားနိင်မဲ့ စပီကာ ဖွင့်လို့ပြောပါ။ နောက်ဆုံး မရမှသာ အသုံးပြုပါ။ ဒီလို သတိထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေး ကိုဂရုစိုက်နိင်မှာ ဖြစ်ပါတယ်။

Credit - ဖိုးသူတော်