Pages

ကမာရွတ်မြို့နယ်အတွင်း တစ်ညတည်းကားအစီး ၄၀ ကျော်ကားတာယာများ ထိုးဖောက်ခံရမှု

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ်(၈)နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့်၏ ကားဘီးတာယာများကို ချွန်ထက်သည့် အရာဖြင့် ထိုးဖောက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 26, 2015

အမာရွတ်ပျောက်စေမယ့် နည်းလမ်းတွေ

အရေပြားမှာ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရ ခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ် ရာ စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် အမာရွတ်တွေကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်း အောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါ တယ်။ ရှားစောင်းလက်ပပ်အပေါ် လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေ နဲ့ အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပေး၊ နာရီဝက်လောက်ထား ပြီး ရေဆေးချတာမျိုး တစ်နေ့နှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါ တယ်။

အုန်းဆီအနည်းငယ်ကိုအပူ ပေး၊ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ် ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက် ကင်းစေပါတယ်။

ဗီတာမင်အီးအဆီ၊ သံလွင် ဆီ၊ စန္ဒကူးနံ့သာဆီရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေး တယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက်ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ်လုပ် ပေးရင်း ပျောက်ကင်းအောင်လုပ် နိုင်ပါတယ်။

နောက်တစ်နည်းက ပျား ရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီးစည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေး ကြောတာမျိုး အိပ်ရာမဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့နေရာ ကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ်ရှိရင်လည်း ဘယ်အမာရွတ် မျိုးမဆို သုတ်လိမ်းပေးရင် သက် သာပျောက်ကင်းစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

တူရကီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ရုရှား ပြင်ဆင်






26 November 2015 21:26(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က) Credit - thithtoolwin
ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီက ဆီးရီးယား နယ်စပ်မှာ ပစ်ချခဲ့မှုအတွက် ရုရှားက တူရကီအပေါ် ကျယ်ပြန့်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

ပိတ်ဆို့မှုတွေထဲမှာ နှစ်နိုင်ငံ ပူးပေါင်း ရင်းနှီးထားတဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့ ကိစ္စတွေလည်း ပါဝင်ဖွယ် ရှိတယ်လို့ ရုရှား ဝန်ကြီးချုပ် ဒမီထရီ မစ်ဒီဗေးဒိဗ် က ပြောပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့အတွက် မူကြမ်းရေးဆွဲမှုကို လာမယ့် ၂ ရက်အတွင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်တယ် လို့လည်း သူက ပြောပါတယ်။

တူရကီ လေပိုင်နက်ထဲ ဝင်ခဲ့လို့ ရုရှားရဲ့ SU-24 ဗုံးကြဲ လေယာဉ်ကို ပစ်မချမီ သတိပေးခဲ့တယ် ဆိုတဲ့ အသံမှတ်တမ်းကို တူရကီက အစောပိုင်းက ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ အသံမှတ်တမ်းထဲမှာ 'တောင်ဘက်ကို ဦးတည်ချက် ချက်ချင်း ပြောင်းလိုက်ပါ' ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောနေသံကို ကြားရပါတယ်။

ဒါပေမယ့် မော်စကိုကတော့ သူတို့ လေယာဉ်ဟာ ဆီးရီးယား နယ်မြေထဲမှာ ပျံနေစဉ် သတိပေးချက် မရရှိဘဲ ပစ်ချ ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စကြောင့် ဆီးရီးယား အစိုးရကို ထောက်ပံ့တဲ့ ရုရှားနဲ့ ဆီးရီးယား သူပုန်တွေကို ထောက်ခံတဲ့ တူရကီတို့ အကြား တင်းမာမှုတွေ ရုတ်တရက် မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

အနီရောင်အသားများ စားသုံးမှုကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်ပိုများနိုင်




အနီရောင်အသားများ စားသုံးသူများသည် လေဖြတ်နိုင်သည့် အန္တရာယ်ပိုများကြောင်း မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရသည်။ သုတေသီများက ဆီးချိုရောဂါ(သို့မဟုတ်) နှလုံးရောဂါတို့ကဲ့ သို့ လေဖြတ်နိုင်သည့် အခြားအန္တရာယ်များမရှိသော သက်လတ် ပိုင်းအရွယ် လူပေါင်း ၁၁,၀၀၀ ကို လေ့လာခဲ့ပြီး ၎င်းတို့ အနက် ထက်ဝက်ကို ၂၃ နှစ်ကြာ လေ့လာခဲ့ကြခြင်းဖြစ်သည်။


လေ့လာမှုတွင် ပါဝင်သော အနီရောင်အသားများ စားသုံးမှု ပိုများသူများသည် ယင်းအသားများကို အနည်းငယ်သာ စားသုံးသူများထက် လေဖြတ်နိုင်သည့်အန္တရာယ် ၄၇ ရာခိုင်နှုန်းပိုများကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ဦးနှောက်သို့ သွေးပို့ဆောင်သော သွေးကြောများထဲ၌ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာသောကြောင့် အနီရောင်အသားစားသုံးသူများသည် လေဖြတ်နိုင်သည့် အန္တရာယ်ပိုများခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ဘဲသား၊ ပင်လယ်စာ (သို့မဟုတ်) အခွံမာသီးများမှရသော ပရိုတင်းဓာတ်များကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်မရှိဟု သုတေသီများက ပြောသည်။

အနီရောင်အသားများ စားသုံးနိုင်သော်လည်း စားသုံးမည့် ပမာဏကို ကန့်သတ်ထားသင့်သည်ဟု လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ဘန်းဟက်ဟားရင်းက ပြောကြားသည်။

ယခုလေ့လာမှုတွင် ပါဝင်သည့် ပရိုတိန်းပမာဏစားသုံးမှု မတူညီသူများကြား အသက်အရွယ်၊ ကျား၊ မ(သို့မဟုတ်) ကယ်လို ရီစားသုံးမှု ပမာဏစုစုပေါင်း ကြီးကြီးမားမားကွာခြားခြင်းမရှိကြောင်းသိရသည်။

ဝက်ပေါင်ခြောက်၊ အသားချောင်းနှင့် ၀က်အူချောင်းတို့ကဲ့သို့ တာရှည်ခံအောင် ပြုလုပ်ထားသော အသားများ စားသုံးမှုများပါက လည်း လေဖြတ်နိုင်သည့် အန္တရာယ် ၂၄ ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။

သို့သော် အနီရောင်အသားစားသုံးမှု ပိုများလာသူများသည် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားစေသော အခြားအပြုအမူများ ကိုလည်း ပြုလုပ်ဖွယ်ရှိသည်ဟု သုတေသီများက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနဲ့ တွေ့ဆုံခဲ့တာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော




26 November 2015 22:23(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က) Credit - thithtoolwin
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်တပ်မတော် အကြီးအကဲနဲ့ စစ်အစိုးရခေါင်းဆောင်- အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့မြေးဖြစ်သူ ကိုနေရွှေသွေး အောင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက သီးသန့်တွေ့ဆုံခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားလိုက်ပါတယ်။ RFA က ထုတ်လွှင့်တဲ့… ဒီမိုကရေစီခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ အခုလို အတည်ပြုပြောလိုက်တာပါ။ မြန်မာသတင်းမီဒီယာတွေမှာ ကာယကံရှင်တွေဆီက အတည်ပြုချက် မရနိုင်ဘဲ ထွက်ပေါ်ခဲ့တဲ့သတင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး ကိုယ်တိုင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အခုလို အတည်ပြု ပြောဆိုအပြီးမှာ ကိုနေရွှေသွေးအောင်က… ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောခဲ့တဲ့အတွက် သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ဒီကနေ့ သူ့ Facebook စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။ သူ့ကို ဒေါ်အောင်ဆန်း စုကြည်က နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့တဲ့အပေါ် ဝမ်းသာမိကြောင်း၊ တိုင်းပြည်အကျိုးအတွက် ကျရာကဏ္ဍ ကနေ ကူညီဆောင်ရွက်မယ့်အကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီသတင်းကြောင့်ဝမ်းသာကြမယ်လို့ မျှော်လင့်ကြောင်း ကိုနေရွှေသွေးအောင်က ရေးသားထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် မေလမှာ စစ်အစိုးရ အကြီးအကဲအဖြစ်ကနေ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အချက် ၇ ချက်ပါ လမ်းပြမြေပုံနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူဖြစ်ပြီး၊ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ သြဇာအာဏာ ကြီးမားနေဆဲလို့ အများက ယူဆထားပါတယ်။ ဖိုးလပြည့်လို့ အများကသိတဲ့ ကိုနေရွှေသွေးအောင်ဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အားထားမှုနဲ့ ချစ်မြတ်နိုးမှု အရဆုံး မြေးတဦးလို့ လူသိများသူတဦး ဖြစ်ပါတယ်။

RFA Burmese TV Channel

ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၁၅ ဦးသေဆုံး



မော်စကို နိုဝင်ဘာ ၂၆ ၂၀၁၅

Mi-8 ရဟတ်ယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ ကာရက်စ်နိုရာ့စ်ဒေသ တွင် နိုဝင်ဘာ ၂၆ ရက်က ပျက်ကျခဲ့ရာ ယာဉ်ပေါ်ပါ လူ ၁၅ ဦး သေဆုံး ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရုရှားအရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနက ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦးနှင့် ခရီးသည် ၂၂ ဦး အပါအဝင် စုစုပေါင်း ၂၅ ဦးရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက်ရှင်ကျန်ရစ်သော လူ ၁ဝ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အင်တာဖက်စ်သတင်းအေဂျင်စီ၏ ဖော်ပြချက်ကိုကိုးကား၍ ပို့ဆောင်ရေး ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အော့စ်ဆာနာဂေါ်ဘူနိုဗာက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ကာရက်စ်နိုရာ့စ်ဒေသ ရေနံနယ်မြေသို့ပျံသန်းစဉ် အစ်ဂါကာ လေဆိပ်အနီးတွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရေနီဆေးမြစ်၏ တောင်ဘက်မြစ်ကမ်း ပါးပေါ်တွင် အပျက်အစီးအပိုင်းအစများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုရှား လေ့လာစုံစမ်းရေးကော်မတီ၏ ဖော်ပြချက်တွင် ဖော်ပြပါရှိသည်။

လေယာဉ်မည်သည့်အကြောင်းကြောင့် ပျက်ကျခဲ့သည်ကို မသိရသေးပေ။ နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဖြစ်နိုင်ကြောင်း အင်တာဖက်စ် သတင်းအေဂျင်စီက ဖော်ပြသည်။

(ဆင်ဟွာ)
Myanmaalinn