Pages

ကမာရွတ်မြို့နယ်အတွင်း တစ်ညတည်းကားအစီး ၄၀ ကျော်ကားတာယာများ ထိုးဖောက်ခံရမှု

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ်(၈)နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့်၏ ကားဘီးတာယာများကို ချွန်ထက်သည့် အရာဖြင့် ထိုးဖောက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 28, 2015

ပေါင်ချိန် ၄၅ ပေါင် ရှိတဲ့ မြန်မာပြည်မှ ကြောင်ကလေး ချားကိုး


ချားကိုးဟာ ယခုလက်ရှိ အသက် ၁၂ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ပေါင်ချိန် ကတော့ ၄၅ ပေါင်ရှိကြောင်း သိရ ပါတယ်။
ကြောင်ထီးလေး ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ပဲခူးရှိ ဘုရားလေးမြို့မှာ ပေါက်ဖွားခဲ့ရာမှ တစ်ဆင့် ရန်ကုန်သို့ ရောက်ရှိလာ တာဖြစ်ပါတယ်။
အခြားကြောင်တွေလို မဟုတ်ဘဲ တောကြောင်ဖြင့် စပ်၍ မွေးဖွားတာလာ ဖြစ်လို့ အမှီလည်းတို၊ အသံလည်း တိုးတိုးလေးပဲ ထွက်ကြောင်း ၎င်းကြောင်၏ပိုင်ရှင်များက ပြောပါတယ်။ မွေးဖွားစဉ်က အလွန်သေးသော်လည်း ကြီးထွားနှုန်း အလွန်မြန်ကြောင်း သိရပါတယ်။ ချားကိုး၏ အမေဟာ အလွန်သေးငယ်ပြီး ပေါက်ရင်လည်း တစ်ကောင်သာ ပေါက်ကြောင်း သိရပါတယ်။ သူ့အား ပေါင်မုန့်၊ စွပ်ပြုတ်၊ အမဲသား အပြင် နို့မှုန့်များကိုလည်း ဖျော်တိုက်လေ့ ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ၆ လတစ်ကြိမ် သံချပေးခြင်း၊ ဆရာဝန်ပြခြင်း စတာတွေ ကိုလည်း လုပ်ပေးလေ့ ရှိတယ်လို့ ပြောပါတယ်။
ချားကိုးလေးဟာ သခင်ပြောသမျှကိုလည်း နားလည်ကြောင်း သိရပါတယ်။ တစ်ခါတစ်လေ ပစ္စည်းများကို ပါးစပ်နဲ့ ကိုက်ချီပြီး သိမ်းဆည်းထားခြင်း၊ သိမ်းဆည်း ပြီးသော ပစ္စည်း တစ်ချို့ကိုလည်း ပြန်လည်ယူလာပေးခြင်း စတဲ့ အမူအကျင့်တွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါင်အလေးချိန်များလွန်းလို့ အခြားကြောင်တွေလို အလွယ်တကူ ခုန်ပေါက် မကစားနိုင်ဘူးလို့ ပြောပါတယ်။ အမျိုးသမီးတွေဆိုရင် အလွယ်တကူ မလို့ မလွယ်ပါဘူးတဲ့။ ဒါကြောင့် မြန်မာပြည်မှ ပေါင်ချိန် ၄၅ ပေါင်ရှိတဲ့ ချားကိုးလေး အကြောင်းကို ဗဟုသုတ အဖြစ်တင် ပေးလိုက်ရပါတယ်။

Credit - http://www.yoyarlay.com

မင်းသမီးဆောင်းဂျီဟိုကို အလှဆုံး မင်းသမီးအဖြစ် တရုတ် ပရိသတ် များရွေးချယ်


တောင်ကိုရီးယားမင်းသမီး ဆောင်းဂျီဟိုသည် မင်းသမီးဂျီအွန်ဂျီဟန် အပါအ၀င် တခြားသော မင်းသမီးများ ကိုကျော်လွန်ကာ တရုတ်နိုင်ငံ ပရိသတ် များ၏ အလှဆုံး အမျိုးသမီး အဖြစ်ရွေး ချယ်ခြင်းခံ ခဲ့ရသည်ဟု ဇန်န၀ါရီ ၂၅ရက်က Sinaဖျော်ဖြေရေး ကုမ္ပဏီက ထုတ်ပြန် သည့်ကြေညာ ထားသည်။
ဆောင်းဂျီ ဟိုသည် SBS ရုပ်သံ လိုင်းမှ ထုတ်လွှင့်နေသည့် Running Man ရှိုးပွဲအ စီစဉ်မှ တစ်ဆင့် ပရိတ် သတ်များ၏ ကြိုက်နှစ် သက်မှုကို ရရှိခဲ့သည်။

၎င်းသည် Sina ဖျော်ဖြေရေးကုမ္ပဏီ ကပြုလုပ်သောလေ့လာ ဆန်းစစ် မှုတွင် ထိပ်ဆုံးနေရာ မှရှိခဲ့ပြီး ယင်းကဲ့သို့ ရှိနေခြင်းသည် Running Man ရှိုးပွဲ အစီစဉ်မှ တစ်ဆင့် ပရိတ်သတ် များ၏ ကြိုက်နှစ် သက်မှုကို ရရှိခဲ့ပုံ ကိုပြသနေသည်။

လူကြိုက်များသော အမျိုးသမီးကြယ်ပွင့်များတွင် miss A အဖွဲ့မှ ဆုဇေး၊ ဟန်ယီဆူးလ်၊ ယိုအင်နာနှင့်အခြားသော မင်းသမီးများ ပါဝင်ခဲ့သည်။
လေ့လာဆန်းစစ်မှုကို အသက်၂၀နှင့် ၄၉နှစ်အကြားရှိ တရုတ်အမျိုးသမီး ၂၀,၀၀၀ခန့်ကို ပြုလုပ် ခဲ့ခြင်းဖြစ် ပြီးဆောင်းဂျီဟိုသည် Running Man အစီစဉ်တွင် ၎င်း၏ ပါဝင် သရုပ်ဆောင်မှုမှ တစ်ဆင့် အာရှ ပရိသတ် များ၏ ကြိုက်နှစ်သက် မှုများကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော်(www.phothutaw.com)

အသားအရေ ကောင်းခြင်းအတွက် သခွားသီး


သခွားသီးဟာ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ပြောရင် လည်းမမှားပါဘူး။ သခွားသီး အစိမ်းကို သုပ်စား ကြသလို၊ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံးတတ်ကြပါတယ်။ အကင်ဆိုင်တွေမှာ သခွားသီးကို အရှည်လိုက်လေးတွေ လှီးထားပြီး
 အချဉ်ရည်နဲ့ တို့လို့ စားသုံးလာတတ်ကြပါတယ်။

တချို့အိမ်ရှင်မတွေကတော့ သခွားသီးကို အသားဟင်းချက်တဲ့ အထဲမှာထည့် ပြီးချက်တာပဲဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့် တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ်ကြပါ
တယ်။

သခွားသီးဟာ စားသုံးလို့ကောင်းတဲ့ အသီးတစ်မျိုးဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်
လည်း အထောက်အကူ ပေးတဲ့ အသီးတစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင်အနှံ့ ကပ်ပေးရင် အသား
အရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင်စေပါတယ်။ သဘာဝတရားက ပေးစွမ်း တဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ်ပေး ပါတယ်။

ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်းငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက်လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ်မအားလပ် သူတွေနဲ့ သဘာဝ ပစ္စည်းများကိုသာ အသုံးပြုချင်တဲ့ ပျိုမေတွေအတွက် သဘာဝ ပေါင်းတင် ဆေးတစ်မျိုးပါ။

 ကြိုက်နှစ်သက်သူများ ပြုလုပ် ကြည့်လို့ရပါတယ်။ သခွားသီးကို စားသုံးခြင်းဖြင့် အစာချက် (Diet )တဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ သခွားသီးဟာ အရည်ရွှမ်းတဲ့ အသီး တစ်မျိုး ဖြစ်တာမို့ စားသုံးပေးရင် ဆီးကိုလည်း ရွှင်စေပြီး မိမိ အသားအရေ အတွက်လည်း အသုံးတည့်တဲ့ သခွားသီးကို ပုံမှန်လေး စားသုံးပေးပါလို့ တိုက်တွန်း စကား ဆိုပါရစေ။

ဖိုးသူတော် (www.phothutaw.com)

ရိုးရှင်းသောသဘာဝနည်းလေး ၂ ခုနဲ့ ဆားဝက်ခြံတွေ ကုသမယ်



(၁) ခရမ်းချဉ်သီးနဲ့ ကုနည်း
သေးငယ်သော ခရမ်းချဉ်သီး တစ်လုံးယူပါ။
ပြီးရင် အခွံလွှာပါ။ အခွံလွှာပြီးသော ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးလှီးပြီး ညအိပ်ယာမဝင်ခင် ဆားဝက်ခြံ ရှိတဲ့ နေရာကို အုပ်ထားပေးပါ။ မနက်အိပ်ယာ နိုးတဲ့ အခါမှာ ရေစင်အောင် ဆေးကြောပေးပါ။

(၂) သံပုရာသီးနဲ့ ကုနည်း
သုံပုရာသီ တစ်လုံးကို အရည်အနည်းငယ် ညစ်ပြီး ခွက်ထဲသို့ ထည့်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ခွက်ထဲမှာ ရောမွှေလိုက်ပါ။ မသုပ်လိမ်းခင်မှ မျက်နှာကို ခပ်နွေးနွေးရေနှင့် စင်ကြယ်အောင်အရင် ဆေးပါ။ ပြီးနောက် မျက်နှာကို သုပ်လိမ်းလိုက်ပါ။ မိနစ် ၂၀ အကြာတွင် ခပ်နွေးနွေးရေနှင့် ဆေးကြောလိုက်ပါ။

သုံပုရာသီးဟာ မျက်နှာပေါ်တွင် အရေပြားတွေကို ထိခိုက်စေလို့ အလွန်အကျွံထည့်ခြင်း၊ အချိန်ကြာစွာ ထားခြင်း မပြုလုပ်ပါနဲ့။ဆားနှင့် မဟုတ်ဘဲ ပျားရည်၊ ကြက်ဥတို့နဲ့လည်း ရောစပ်ကာ အသုံး ပြုနိုင်ပါတယ်။ အသုံးပြုရမည့် ပမာဏကို မိမိ ဆားဝက်ခြံပေါ် မူတည်ပြီး သုံးနိုင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)