Pages

ကမာရွတ်မြို့နယ်အတွင်း တစ်ညတည်းကားအစီး ၄၀ ကျော်ကားတာယာများ ထိုးဖောက်ခံရမှု

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ်(၈)နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့်၏ ကားဘီးတာယာများကို ချွန်ထက်သည့် အရာဖြင့် ထိုးဖောက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 17, 2014

ငရဲ တကယ်ရှိ မရှိ ဒါဖတ်ကြည့်

ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။ ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။

ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီးအသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။

အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာသို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့  အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။

အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။ ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။ ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။ ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက 1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။

အဲဒီသတင်းစာမှာတော့… ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီး
တဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။ အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။

ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။

ဆိုဗီယက် အာဏာပိုင်တွေဟာထိုငြီးငြူသံတွေကို မြေဆီလွှာလှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါ
တယ်။နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့
စာပါပဲ။သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ
 ဖြစ်တယ်။
စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို ဖတ်ရတယ်။

 ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် သွားမိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : New Myanmar News

Sunday, July 6, 2014

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ နှင့် အကျိုးကျေးဇူး

သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို" ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ - ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ ၀ါဆိုသင်္ကန်းအလှူ (၀ဿိကသာဋိက) ၀ဿဝါသိက စီဝရဒါန မိုးရေခံသင်္ကန်း အလှူဒါနသည် အားလုံးသိနေကြသည့် ၇ နှစ်အရွယ်နဲ့ သောတာပန်တည်တဲ့ ပုဗ္ဗာရုံကျောင်း ကျောင်းအမကြီး ၀ိသာခါ၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
ဝိသာခါကျောင်းအမကြီးသည် သူဆောက်လုပ် လှူဒါန်းထားသည့် ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး သွားရောက်လေ့ရှိသည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိပဲ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုဉ်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်နေကြသည်ဟု ဆိုပါသည်။

တစ်နေ့သော ၀ါဆိုကာလ အခါသမယမှာ ၀ိသာခါကျောင်းအမကြီးသည် အနာထပိဏ်သူဌေး၏ အရာမ်ဖြစ်သော ဇေတ၀န်ကျောင်းသို့ သွားပြီး ဘုရားအမှူးရှိသော သံဃာတော်များကို အိမ်သို့ ဆွမ်းဘုဉ်ပေးးကြွဖို့ ပင့်ဖိတ်လျှောက်ခဲ့သည်။

နောက်တစ်နေ့မနက် အရုဏ်ကျင်းလို့ မိုးလင်းချိန်ရောက်တော့ ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့၏။ ဤမိုးကြီးသည် လေးကျွန်းအနှံ့ရွာသည့် နောက်ဆုံးမိုးဖြစ်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တပည့်ရဟန်းသံဃာတို့အား မိုးရေချိုးရန် ခွင့်ပြုလိုက်လေ၏။

ကျောင်းအမကြီး ၀ိသာခါသည် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းချိန် ရောက်သည်ရှိသော် တပည့်မ တစ်ယောက်ကို ဇေတ၀န်ကျောင်းသို့ စေလွတ်ပြီး မြတ်စွာဘုရားအမှူးရှိသော ရဟန်းတော်များကို ပင့်လျှောက်ခိုင်းလိုက်သည့်အခါ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်္ကန်း (ရေသနုပ်) မပါဘဲ အ၀တ်သင်္ကန်းဗလာနဲ့ ရေချိုးနေကြသည့် ရဟန်းသံဃာများကိုတွေ့ပြီး ရဟန်းမဟုတ် အာဇီဝက တက္ကဒွန်းတွေ ဖြစ်လိမ့်မည် ဟု မှတ်ထင်ကာ အိမ်သို့ လှည့်ပြန် သွားခဲ့လေ၏။

ဝိသာခါ ကျောင်းအမကြီးအား "ပုဗ္ဗာရုံကျောင်းတော်မှာ ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်ဗလာနဲ့ ရေချိုးနေကြတဲ့ အာဇီဝက တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်" ဆိုပြီး ပြန်ပြောလေ၏။ အသိအလိမ္မာဥာဏ်ပညာရှိသူ ကျောင်းအမကြီး ၀ိသာခါ စဉ်းစားမိလိုက်သည်မှာ မိုးရွာတုန်း ရဟန်းသံဃာတွေ ရေချိုးနေတာဖြစ်မည်ဟု မှတ်ထင်ပြီး၊ နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သော်လည်း ရဟန်းတော်များသည် ရေချိုးပြီး၍ ကျောင်းဆောင်ထဲ ၀င်ရောက်ကာ သီတင်းသုံးနေကြသည့်အတွက် ဇေတ၀န်တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

ဒီတစ်ကြိမ်မှာလည်း ၀ိသာခါ ကျောင်းအမကြီး၏ တပည့်မသည် ကျောင်းမှာ ရဟန်းတစ်ပါးမှ မရှိဘူးဟု မှတ်ထင်ကာ ပြန်သွားပြန်လေ၏။ ၀ိသာခါ ကျောင်းအမ စဉ်းစားမိသည်က ရဟန်းသံဃာတွေ ရေမိုးချိုးပြီး ခန္ဒာကိုယ် ခြောက်သွေ့အောင် ကျောင်းဆောင်ထဲမှာ သီတင်းသုံးနေကြတာဖြစ်မည်ဟု တွေးတောဆင်ခြင်၍ တပည့်မကို နောက်တစ်ကြိမ် ပြန်သွားပင့်ချေအုံးဆိုပြီး ထပ်လွှတ်လိုက်လေသည်။ တပည့်မသည် ရေမိုးချိုးပြီး သင်္ကန်းကိုယ်စီ ၀တ်ရုံကာ တရားဘာဝနာ ပွားများအားထုတ်နေကြသော ရဟန်းတော်များကိုတွေ့ပြီး ဆွမ်းဘုဉ်းပေးကြွရန် အချိန်တန်ပြီ ဖြစ်ကြောင်း လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များကို သမဏသာရုပ္ပညီစွာ သင်္ကန်းဝတ်ရုံစေပြီး သပိတ်သင်္ကန်းကိုယူကာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ဖြင့်ပင် ၀ိသာခါကျောင်းအမ၏ အိမ်ပေါက် အရောက် ဆွမ်းဘုဉ်းပေးရန် ကြွရောက်သွားကြလေ၏။

ဝိသာခါကျောင်းအမကြီးသည်လည်း မိုးအကြီးအကျယ် ရွာသွန်းထား၍ လမ်းတစ်လျှောက်လုံး ခါးလောက် မြုပ်နိုင်လောက်သည့် ရေများဖြင့် ပြည့်နက်နေပါသော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး၏ သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုမျှ ရေမစိုသည်ကို တွေ့ရ၍ အံ့သြလျက် ရွှင်လန်းဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာများကို မွန်မြတ်လှစွာသော ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာတို့ဖြင့် အားပါးတရ ဆက်ကပ်လှူဒါန်းလေ၏။

မြတ်စွာဘုရားနှင့်ရဟန်းသံဃာများကို ဆွမ်းကပ်ပြီး ဆွမ်းအနုမောဒနာတရား ဟောကြားစဉ် ၀ိသာခါကျောင်းအမကြီးသည် မြတ်စွာဘုရားရှင်ထံမှ ဆု ၈ မျိုးကို တောင်းလေသော် မြတ်စွာဘုရားရှင်ကလည်း ခွင့်ပြုတော်မူလေသည်။

အဘယ် ဆု ၈ မျိုးနည်း ဟူမူ -
(၁) သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း ၀ါဆိုသင်္ကန်းလှူခွင့်
(၂) ကျောင်းသို့ ရောက်လာကြသော ဧည့်သည် အာဂန္တု ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၃) ခရီးသွား ရဟန်းတော်များအား အမြဲဆွမ်းကပ်လှူခွင့်
(၄) ဖျားနာနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၅) ဖျားနာနေသော ရဟန်းတို့ကို ပြုစုလုပ်ကျွေးနေသော ရဟန်းတို့အား အမြဲဆွမ်းကပ်လှူခွင့်
(၆) ဖျားနာနေသော ရဟန်းတို့အား အမြဲဆေးပစ္စည်းများ ကပ်လှူခွင့်
(၇) အမြဲမပြတ် ဆန်ပြုတ် - ယာဂုဆွမ်းကပ်လှူခွင့်
(၈) ရဟန်းမ - ဘိက္ခုနီမတို့အား အသက်ထက်ဆုံး ရေသနုပ်လှူရန် တို့ဖြစ်၏။

ဆု ၈ မျိုး တောင်းခြင်းအကြောင်း -
၁၊ အ၀တ်မဆီး အချည်းနှီး နေလျှင်/ရေချိုးလျှင် မစင်ကြယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ်ဖြစ်ခြင်း၊
၂၊ ဧည့်သည် အာဂန္တုရဟန်းသည် လမ်းမကျွမ်းသဖြင့် ဆွမ်းခံလို့ ရမည့်အိမ်ကို မသိသဖြင့် ဆွမ်းခက်ခဲခြင်း၊
၃၊ ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာဖွေနေရသဖြင့် သွားရေးလာရေး ခရီးဖင့်နေ ခရီးနောက်နှေးခြင်း၊
၎၊ ဖျားနာနေသော ရဟန်းသည် ရောဂါနှင့်သင့်သော ဘောဇဉ်ကို မရသဖြင့် အနာရောဂါတိုးပွား၍ သေဆုံးခြင်း၊
၅၊ ဖျားနာနေသောရဟန်းကို ပြုစုလုပ်ကျွေးသောရဟန်းသည် ၄င်းအတွက် ဆွမ်းကို ရှာဖွေနေရသောကြောင့် ဖျားနာနေသောရဟန်း ဆွမ်းငတ်နိုင်ခြင်း၊
၆၊ ဖျားနာနေသော ရဟန်းသည် လျောက်ပတ်သည့်ဆေးကို မရသည်ရှိသော် ရောဂါ တိုးပွားပြီး သေခြင်း၊
၇၊ ယာဂု - ဆန်ပြုတ်အကျိုး ဆယ်ပါးကို သိခြင်း၊
၈၊ ဘိက္ခုနီမတို့သည် အစီရ၀တီမြစ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးနေစဉ် ပြည့်တန်ဆာမများက စကြ နောက်ကြခြင်း၊ စသည့် အကြောင်းတရား ၈ ပါးကြောင့် ဆု ၈ မျိုးကို တောင်းပါသည်။

မြတ်စွာဘုရားရှင်သည် ကျောင်းအမကြီး ၀ိသာခါအား အခြားအကြောင်း ရှိသေးသလောဟု မေးသည်ရှိသော် " ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ၀ါလကင်းလွတ် သီတင်းကျွတ်သည်ရှိသော် မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန်လာကြကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ 'အရှင်ဘုရား ဤမည်သောရဟန်းသည် သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ အကျွတ်တရား ရသွားပါရဲ့လားဘုရား' ဟု မေးလျှောက်သော် မြတ်စွာဘုရားရှင်က ကွယ်လွန်ခဲ့သောရဟန်းသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်၏ဟု ဖြေကြားပါလိမ့်မည်။

အကယ်၍ ထိုရဟန်းသည် သာဝတ္ထိပြည်သို့ ကြွရောက်ဖူးပါက တပည့်တော်မ လှူဒါန်းသည့် မိုးရေခံသင်္ကန်း-၀ါဆိုသင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဆန်ပြုတ်-ယာဂုတို့ကို သုံးဆောင်ဖူးမည်ဖြစ်၍ ဘုရားတပည့်တော်မအား ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ငြိမ်အေးခြင်း၊ ချမ်းသာခြင်း၊ တည်ကြည်ခြင်း၊ ဣနြေ္ဒကိုပွားခြင်း၊ ဗိုလ်ကိုပွားစေခြင်း၊ ဗောဇ္ဈင်ကို ပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိပါလိမ့်မည် " ဟု လျှောက်ကြားလေသည်။ မြတ်စွာဘုရားရှင်သည် ဤကဲ့သို့သော အကျိုးကျေးဇူးများကြောင့် ၀ိသာခါကျောင်းအမကြီးတောင်းသော ဆု ၈ မျိုးကို ခွင့်ပြုခဲ့ခြင်းဖြစ်ပေသည်။ ၀ိသာခါကျောင်းအမကြီး၏ ကျေးဇူးကြောင့် မိုးရေခံသင်္ကန်း - ၀ါဆိုသင်္ကန်း ပေါ်ပေါက်လာ၍ ရဟန်းတော်များ ၀တ်ရုံသုံးဆောင်ခွင့်ရပြီး ဗုဒ္ဓဘာသာဝင်များက ၀ါဆိုလပြည့်နေ့မှာ ရဟန်းသံဃာများကို ၀ါဆိုသင်္ကန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်း ဖြစ်ပေသည်။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ် စသည့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်နိုင်ခြင်း၊ အရှက်ကို ကာကွယ်ခြင်း၊ အချမ်း အပူ လေ နေစတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးတရားများ ရရှိပါသည်။ သင်္ကန်းအလှူရှင်တွေအတွက် ရရှိမည့် အကျိုးများကား -

သုဝဏ္ဏ၀ဏ္ဏော ၀ိရဇော၊ သပ္ပဘာသော ပတာတ၀ါ၊
သိနိဋ္ဌံ ဟောတိ မေ ဂတ္တံ၊ ဘဝေ သံသရတော မမ။

ဒုဿသတသဟဿာနိ၊ သေတာ ပီတာ စ လောဟိတာ၊
ဓာရေန္တိ မတ္ထကေ မယှံ၊ ဒုဿ ဒါနဿိဒံ ဖလံ။

သင်္ကန်းလှူရကျိုး ၈ မျိုး
=======
ရွှေရောင် အဆင်း၊ မြူကင်း စင်ကြယ်၊
သားရေ ၀င်းဖန့်၊ နူးညံ့လှတယ်၊
နီ ညို ဖြူ ၀င်း၊ ၀တ်ခင်း ပေါကြွယ်၊
လှူသင်္ကန်း ၈ ခန်းအကျိုးသွယ်။

သင်္ကန်းလှူခြင်းကြောင့် အသားရေသည် ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ချေး မြူအညစ်အကြေး ကင်းစင်ခြင်း၊ အသားအရေ ၀င်းဖန့်စိုပြေခြင်း၊ အသားရေ နူးညံ့လှပခြင်း၊ အနီရောင် အ၀တ်အထည်တွေ၊ အညိုရောင် အ၀တ်အထည်တွေ၊ အဖြူရောင် အ၀တ်အထည်တွေ၊ ၀ါဝါ၀င်းဝင်း တောက်ပတဲ့ အဆင်းရှိတဲ့ အ၀တ်အထည်တွေရရှိခြင်း အစရှိသည့် အကျိုးများကို ရရှိပါသည်။

ဆောင် -
မဟာလတာ မြတ်တန်ဆာ ကိုးရာ သိန်းထိုက်သား၊
သင်္ကန်းလှူလတ် မိန်းမမြတ်၊ ဆုံးသတ် ကျိုးတရား၊
ဧဟိ ဘိက္ခု ရဟန်းပြု ဆုံးဆု မြတ်ယောကျာ်း။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိသည့် အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီး၏ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရသည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန်သည့် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိပါမည်။

အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတ်စွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမည်။

မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထုမှကောက်နုတ်သည်။

လေးစားစွာဖြင့် ... အလင်္ကာ သီဟကျော်စွာ

ဖိုးသူတော် (www.phothutaw.com)

ဘယ်သူနဲ့ မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန့် ရှင်းရေးသုံးပစ္စည်း ခြောက်မျိုး


ကျွန်တော်တို့ အားလုံးနဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ့ ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ် အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေါ့။ အဲ့လိုအချိန်တွေမှာ သူတို့ ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို့ ခံစားမိမှာပေါ့။ ဒါပေမယ့် တစ်ချို့ ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ် အောက်မှာဖော်ပြထားတဲ့ သန့်  ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ့ မှ မျှမသုံးသင့်ပါဘူး။

၁။ ဆပ်ပြာတောင့်

၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး  တွေ မျှသုံးတဲ့လူတွေမှာ MRSA လို့ ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို့  အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။

၂။ ကိုယ်နံ့ ပျောက်ဆေး

ကိုယ်နံ့ ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့ အနံ့ အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့ အရာတွေပါဝင်မှာပါ။ ချွေးနံ့ ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ့ ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ့ ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ ကောင်းမှာပါ။

၃။ မုတ်ဆိတ်ရိတ်ဓား

အမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရိုက်တာ၊ အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့ အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ့ HIV တို့ ကူးစက်မှု မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတယ်လို့ သူမက ဆိုပါတယ်။

၎။ မျက်နှာသုတ်ပ၀ါ

ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပ၀ါတွေ၊ အထူးသဖြင့် စိုစွတ်နေတဲ့ ပ၀ါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပ၀ါကို ကိုယ်မှတ်ထားပေတော့။

၅။ သွားတိုက်တံ

ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ့ ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို့  ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို့ များတယ်လို့  ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။

၆။ လက်သည်းညှပ်

လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ့ အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေါ့။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို့ ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ခန်းမဆီ သွားဖို့ အကြံပေးလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)